ပုံနှိပ်မီဒီယာ ရေရှည်ရပ်တည်ရေး မီဒီယာကောင်စီနှင့် ပုံနှိပ်မီဒီယာများ ဆွေးနွေး

ပုံနှိပ်မီဒီယာ ရေရှည်ရပ်တည်ရေး မီဒီယာကောင်စီနှင့် ပုံနှိပ်မီဒီယာများ ဆွေးနွေး

မြန်မာနိုင်ငံ၏ သတင်းမီဒီယာလုပ်ငန်းတွင် ပုံနှိပ်မီဒီယာကဏ္ဍ ရေရှည် ရပ်တည်နိုင်ရေးအတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ(MPC)က ဒီဇင်ဘာလ ၂၂ရက်နေ့ မနက်ပိုင်းတွင် ၎င်းတို့ရုံးခန်း၌ ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့သည်ဟုMPC က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပုံနှိပ်မီဒီယာကဏ္ဍ၏ လက်ရှိအခြေအနေနှင့် ရေရှည်ရပ်တည်နိုင်ရေးအတွက် နည်းလမ်းကောင်းများ၊ အကြံပြုချက်များကိုတက်ရောက်လာကြသူများကဆွေးနွေးခဲ့ကြသည်ဟုလည်း MPC က ထုတ်ပြန် ထားသည်။

“ပုံနှိပ်မီဒီယာရေရှည်ရပ်တည်ရေးအတွက် လုပ်တဲ့ အစည်းအဝေးက ပြီးခဲ့တဲ့ ဧပြီလကနေပြည်တော်မှာမဏ္ဍိုင်လေးရပ် တွေ့ဆုံပွဲရလဒ်ရဲ့ ဆွေးနွေးချက် ၁၃ချက်က အချက် ၅မှာ ပုံနှိပ်မီဒီယာတွေ ရေရှည် ရှင်သန်နိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနနဲ့ သတင်းမီဒီယာကောင်စီပူးပေါင်းဆောင်ရွက်ရန်ဆိုတဲ့ တစ်ချက်ပါတယ်။ အဲဒီအချက်အပေါ်မှာဆက်လက်ပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်တာပဲဖြစ်တယ်။”ဟု MPC တွဲဘက်အတွင်းရေးမှူး(၁) ဦးမြင့်ကျော်ကကေအိုင်စီသို့ ပြောသည်။

ယနေ့ တွေ့ဆုံဆွေးနွေးပွဲမှ ရရှိလာသောအချက်အလက်များကိုဒီဇင်ဘာလ ၂၇ရက်နေ့တွင် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်မည့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံပွဲ၌ ဆက်လက် တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်းMPC ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးနှင့် သွားရောက်တွေ့ဆုံဆွေးနွေးမည့် ပုံနှိပ်မီဒီယာကိုယ်စားလှယ် (၅)ဦးကိုလည်းရွေးချယ်အတည်ပြုခဲ့ကြရာ မြန်မာနိုင်ငံပုံနှိပ်နှင့် ထုတ်ဝေသူများလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးဦးသူရိန်ထွန်း၊ မြန်မာနိုင်ငံ စာပေထုတ်ဝေသူများနှင့် ဖြန့်ချိသူများအသင်းဥက္ကဌ ဒေါ်နန်းကလျာဝင်းနှင့် ဒုတိယဥက္ကဌဦးမြင့်ထွန်း၊ The Voice Daily မှ အယ်ဒီတာဦးအောင်စိုးတို့က မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့်အတူကိုယ်စားပြုကာတက်ရောက်ဆွေးနွေးသွားမည်ဖြစ်သည်ဟု MPC က ဖော်ပြထားသည်။

ထိုနေ့မနက် ၉နာရီမှ ၁၂နာရီအထိ ပြုလုပ်ခဲ့သည့် ပုံနှိပ်မီဒီယာကဏ္ဍ ရေရှည်ရပ်တည်ရေးတွေ့ဆုံဆွေးနွေးပွဲသို့ MPC ဥက္ကဌဦးအုန်းကြိုင်(ဟံသာဝတီ)၊တွဲဘက်အတွင်းရေးမှူး(၁) ဦးမြင့်ကျော်တို့ အပါအဝင် ကောင်စီအဖွဲ့ဝင်များအပြင်မီဒီယာတိုက်နှင့် ပုံနှိပ်ထုတ်ဝေမှု အသင်းအဖွဲ့များစုစုပေါင်း ၁၅ဦးတက်ရောက်ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။

Photo: MPC

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...