ကျောက်တော်တွင် လူနှစ်ဦးရိုက်နှက်ခံရသောကြောင့် ဆေးကုသမှုခံယူနေရ

ကျောက်တော်တွင် လူနှစ်ဦးရိုက်နှက်ခံရသောကြောင့် ဆေးကုသမှုခံယူနေရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ စစ်အောင်ကျေးရွာမှ ဒေသခံ (၂ ) ဦးမှာ ဈေးဝယ်ရာမှပြန်လာစဉ် ရိုက်ပုတ်ခံခဲ့ရသဖြင့် တစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားသောကြောင့် ကျောက်တော်မြို့ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။

ရိုက်နှက်ခံရသူများမှာ ကိုသန်းလှိုင် (အသက် ၃၃ နှစ်)နှင့် ကိုမောင်ကျော်လှ (အသက် ၃၆ နှစ်)တို့ ဖြစ်သည်။ ကိုမောင်ကျော်လှမှာ ရင်ဘတ်တွင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသောကြောင့် ဆေးကုသမှု ခံယူနေရသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့၊ နံနက်ပိုင်းက ကျောက်တော်မြို့မှ မိမိကျေးရွာသို့ ဈေးဝယ်ပြီး စက်လှေနှင့်ပြန်လာစဉ်  ကျောက်တော်တောင်တွင် တပ်စွဲနေသော တပ်မတော်သားများက သေနတ်ပစ်ဖောက် ဖမ်းဆီးခဲ့ပြီး သံတုတ်၊  လက်သီးများဖြင့် ရိုက်နှက်သောကြောင့် ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု ရိုက်နှက်ခံရသူတစ်ဦးဖြစ်သည့် ကိုသန်းလှိုင်က DMG သို့ ပြောသည်။

“ကျွန်တော်တို့ ကျောက်တော်ဘက်ကနေ လှေနဲ့ ဈေးဝယ်ပြီးပြန်လာတော့ သေနတ်ပစ်သံတွေကြားတယ်။ ကျွန်တော်တို့လှေကို ကပ်ခိုင်းထားတယ်။ စစ်သားတွေက ခင်ဗျားတို့ကိုခေါ်တာဆိုပြီးတော့ ပြောတယ်။ ကျွန်တော်တို့သွားလိုက်တော့ ခင်ဗျားတို့ ဘာဖြစ်လို့ပြေးတာလဲလို့ ပြောတယ်။ ကျွန်တော်တို့က ခေါ်တာကို မသိလို့ပါပြောလို့လည်း မရဘူး။ ရိုက်တယ်” ဟု ၎င်းကဆိုသည်။

၎င်းတို့နှစ်ဦးမှာ တံငါသည်များဖြစ်ကြပြီး ကျောက်တော်မြို့မှ ငါးဖမ်းပစ္စည်းများနှင့် တခြားလိုအပ်သည့် ပစ္စည်းများ ဝယ်ယူပြီး အပြန်မှာ တားဆီးစစ်ဆေးခံခဲ့ရခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို DMG က  အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း အဆက်သွယ် မရရှိခဲ့ပေ။

မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...