မြေပုံမြို့နယ်တွင် ကြက်ဆူစေ့စားမိ၍ အော့အန်ရာမှ ကျောင်းသား ကျောင်းသူ ၅ဝ ကျော် မြို့နယ်ဆေးရုံတင်ခဲ့ရ

မြေပုံမြို့နယ်တွင် ကြက်ဆူစေ့စားမိ၍ အော့အန်ရာမှ ကျောင်းသား ကျောင်းသူ ၅ဝ ကျော် မြို့နယ်ဆေးရုံတင်ခဲ့ရ
ဓာတ်ပုံ – မာန်ယုကျော် (ရွှေဝမြေ)
ဓာတ်ပုံ – မာန်ယုကျော် (ရွှေဝမြေ)
ရခိုင်ပြည်နယ် မြေပုံမြို့နယ် ဝက်ခေါင်းကျေးရွာမှ ကျောင်းသူ၊ ကျောင်းသား ၅ဝ ကျော်သည် ဇန်နဝါရီလ ၂၄ ရက်နေ့ညနေပိုင်းက ကြက်ဆူစေ့စားမိရာမှ အော့အန်၊ မူးဝေဝမ်းသွားမှုဖြစ်ပွားခဲ့သဖြင့် မြေပုံမြို့နယ် ဆေးရုံကို အရေးပေါ် တင်ပို့ခဲ့ရသည်ဟု သတင်း ရရှိသည်။

ကြက်ဆူစေ့စားမိရာမှ အော့အန်၊ မူးဝေ၊ ဝမ်းသွား ဖြစ်ခဲ့ကြသူများမှာ ဝက်ခေါင်းကျေးရွာ အထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား ၄၁ ဦး၊ ကျောင်းသူ ၁၁ ဦး၊ ကျောင်းမနေတော့သည့် ကလေးငယ် (၂)ဦး၊ အသက် (၄ဝ)အရွယ် အရပ်သား (၁)ဦး၊ စုစုပေါင်း ၅၅ ဦးတို့ဖြစ်ကြသည်။

“သူငယ်တန်းကနေ ရ တန်းလောက်အထိ ကျောင်းသူ၊ ကျောင်းသားတွေ ကြက်ဆူစေ့စားမိလို့ အော့အန်၊ မူးဝေ၊ ဝမ်းသွားမှုဖြစ်ပွားခဲ့တယ်။ ကျောင်းမနေတဲ့ ကလေး ၂ ယောက်နဲ့ အရပ်သား ၁ ယောက်တို့ ပါ၀င်တယ်။ အော့အန်ရုံလောက်ပါပဲ။ စိုးရိမ်စရာတော့ မရှိပါဘူး”ဟု မြေပုံမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သူတို့သည် ကြက်ဆူစေ့စားပြီးနောက် အော့အန်မူးဝေ ဝမ်းသွားသည့်အတွက် မြေပုံမြို့ရှိ အထွေထွေ ရောဂါကုဆေးရုံသို့ တက်ရောက်ဆေးကုသခံခဲ့ရကြောင်း သိရသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ဝက်ခေါင်းကျေးရွာမှ မခင်လှရီက “အခုတော့ ကလေးတွေအားလုံး သက်သာလို့ ဒီနေ့မနက်က ဆေးရုံက ဆင်းလာကြပါပြီ။ အခုတော့ ကျောင်းတောင်ပြန်တက်နေကြပါပြီ”ဟု နိရဥ္စရာသို့ပြောသည်။

ကြက်ဆူစေ့စားမိကြသူများမှာ ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေပိုင်းက အထက်တန်းကျောင်း(ခွဲ)အနီးရှိ ကြက်ဆူပင်မှ ကြက်ဆူစေ့များကို စားမိရာမှ ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...