တစ်နိုင်ငံလုံးဆိုင်ရာ ကရင်လူငယ်တွေ့ဆုံပွဲ စတင်ကျင်းပ

တစ်နိုင်ငံလုံးဆိုင်ရာ ကရင်လူငယ်တွေ့ဆုံပွဲ စတင်ကျင်းပ

နန်းဝေဖြိုးဇာ — မြန်မာနိုင်ငံအတွင်းရှိ အနယ်နယ်အရပ်ရပ်မှ ကရင်လူငယ်များ တက်ရောက်သည့် တစ်နိုင်ငံလုံးဆိုင်ရာ ကရင်လူငယ်တွေ့ဆုံပွဲကို ကရင်ပြည်နယ်၊ လှိှုင်းဘွဲမြို့နယ် မဲဆမိတ်ကျေးရွာတွင် ဒီဇင်ဘာလ ၁၈ရက်မှ စတင်ကာ ကျင်းပပြုလုပ်နေပြီဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲကို ဒီဇင်ဘာလ ၁၈ရက်မှ ၂၀ရက်နေ့အထိ ၃ရက်တာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ကရင် လူငယ်များအကြား ရင်းနှီးမှှု၊ ချိတ်ဆက်မှှု ပိုမိုအားကောင်းလာစေရေး၊ ကရင်လူ ငယ်ကွန်ယက်၏ လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ရေးနှင့် ရှေးလုပ်ငန်းစဉ်များအတွက် ဆွေးနွေးနိုင်ရေး စသည့်ရည်ရွယ်ချက် များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

သုံးရက်တာကျင်းပမည့် တွေ့ဆုံဆွေးနွေးပွဲတွင် လက်ရှိငြိမ်းချမ်းရေးဖော်ဆောင်မှှုအခြေအနေနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခြင်း၊ ၂၀၂၀ ကရင်အမျိုးသား နိုင်ငံရေးနှင့် ကရင်လူငယ်များ၏အခန်းကဏ္ဍအတွက် ကရင် နိုင်ငံရေး ပါတီ ၄ပါတီမှ တင်ပြဆွေးနွေးခြင်းအစီအစဉ်၊ ကရင်စာပေသင်ကြားရေးအခြေအနေနှင့် ကရင်လူငယ် များ၏ အခန်းကဏ္ဍ များကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများမှ လာရောက် ရှင်းလင်းချပြမည့် အစီအစဉ်များ ပါဝင်မည်ဖြစ်သည်။

ယနေ့စတင်ကျင်းပသည့်တွေ့ဆုံဆွေးနွေးပွဲတွင် ကရင်လူငယ်ကွန်ယက် -(KYN -Karen Youth Network) ချိတ်ဆက်ဒေသ ၁၁ ခု သတ်မှတ်ခဲ့သည့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ တောင်ငူ/သံတောင်ဒေသ၊ အထက်မြန်မာပြည်၊ ကရင်ဖြူဒေသနှင့် နယ်စပ်ဒေသရှိ ကရင်လူငယ်များ တက်ရောက်ကြသည်။

ထို့အပြင် ကရင်လူငယ်အစည်းအရုံး -KYO (ဗဟို)၊ ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကရင်လူငယ် ကိုယ်စားလှယ်များနှင့် ပအိုဝ်းတိုင်းရင်းသား လူငယ်ကိုယ်စားလှယ်များလည်း တက်ရောက် လျက်ရှိသည်။

ကရင်လူငယ်ထုတစ်ရပ်လုံးမှ အမျိုးသားရေးအတွက် ကျရာအခန်းကဏ္ဍတွင် ပူးပေါင်းပါဝင်ချိတ်ဆက် ဆောင် ရွက်နိုင်ရန်ရည်ရွယ်ချက်နှင့် ကရင်လူငယ်ကွန်ယက် -KYNကို ၂၀၁၂ခုနှစ်တွင် စတင်ချိတ် ဆက်တည် ထောင်ခဲ့ပြီး တစ်နိုင်ငံလုံး လူငယ်တွေ့ဆုံပွဲကို ၂၀၁၄ ခုနှစ်တွင် တစ်ကြိမ်နှင့် ၂၀၁၅ခုနှစ်တွင် တစ်ကြိမ် ကျင်းပပြုလုပ်နိုင်ခဲ့သည်ဟု သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...