ကရင်လက်နက်ကိုင် ၄ ဖွဲ့၏ နှစ်သစ်ကူးနေ့ အထိမ်းအမှတ်စာပေပြိုင်ပွဲ ကျင်းပပြုလုပ်

ကရင်လက်နက်ကိုင် ၄ ဖွဲ့၏ နှစ်သစ်ကူးနေ့ အထိမ်းအမှတ်စာပေပြိုင်ပွဲ ကျင်းပပြုလုပ်

စောမြတ်ဦးသာ — ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြိမ်ချောင်း(လေးဝါးဖလိုး)ရွာ ဘုရားရှိခိုးကျောင်းတွင် ကရင်လက်နက်ကိုင် ၄ဖွဲ့ စုပေါင်းပါဝင် ပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်အဆင့် ကျင်းပမည့် ၈၂နှစ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အတွက် စာပေပြိုင်ပွဲတစ်ခုကို ဒီဇင်ဘာလ ၁၈ရက် တွင် ပြုလုပ်ခဲ့ကြသည်။

စာပေပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ စောသိန်းမြိုင်က “ခရိုင်အဆင့်အနေနဲ့ ကရင်လက်နက်ကိုင် ၄ဖွဲ့ စုပေါင်းကျင်းပ မယ့်အပေါ် အမျိုးသား ယဉ်ကျေးမှု စာပေဘက်မှာပါ နှစ်သစ်ကူးရဲ့ အနှစ်သာရပြည့်အောင် လုပ်ဆောင်ပေးခြင်းဖြစ် ပါတယ်။ ကရင်စာရေးဆရာကောင်းများ ပေါ်ထွက်လာဖို့နဲ့ စာပေချစ်တဲ့စိတ်ပိုများလာအောင် ရည်ရွယ်ကျင်းပရခြင်း ဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ စာပေပြိုင်ပွဲတွင် ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု၊ စကားပြေ၊ စာစီစာကုံး စာပေအမျိုးအစား ၅ မျိုးကို စကောကရင် (စဝေါ်)စာပေနှင့် ပိုးကရင်(ဖလုံ)စာပေ ၂ မျိုးဖြင့် ထည့်သွင်းကျင်းပခဲ့သည်ဟု စာပေပြိုင်ပွဲ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ စောသိန်းမြိုင်က ဆက်ပြောသည်။

“ စာပေက လူမျိုးတစ်မျိုးရဲ့ အသက်ပါ။ ကရင်နှစ်သစ်ကူးမှာ ကိုယ့်စာပေအပိုင်းမှာလည်း မြှင့်တင် ဖော်ထုတ် စေချင်လို့ လာပြိုင်ဖြစ်တာပါ။ အကောင်းဆုံးမရခဲ့ရင်တောင်မှ ကိုယ့်ရဲ့နေ့ထူးနေ့မြတ်မှာ ကိုယ့်ရဲ့စာပေ ဖော်ထုတ်ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် အများကြီးဝမ်းသာပါတယ်” ဟု ပိုးကရင်စာပေဖြင့် စာစီစာကုံးလာရောက် ယှဉ်ပြိုင်သူ ကြာအင်းဆိပ်ကြီး မြို့နယ် မရစ်ကလရွာနေ အဲရှူးဟီ့က ပြောသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ DKBA- ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်၊ KNU/KNLA (PC) -ကရင် ငြိမ်းချမ်းရေးကောင်စီနှင့် BGF -ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်တို့ လက်နက်ကိုင် ၄ ဖွဲ့နှင့် လူထုများစုပေါင်း ကျင်းပမည့် နှစ်သစ်ကူးနေ့အခမ်းအနားကို ဒီဇင်ဘာလ ၂၂ ရက် မှ ၂၇ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

ယဉ်ကျေးမှုဒုံးအကပြိုင်ပွဲ၊ ကရင်-ထိုင်းရိုးရာလက်ဝှေ့ပြိုင်ပွဲနှင့် KNU ငြိမ်းချမ်းရေးပြခန်း၊ KNU ဒူးပလာယာခရိုင် နောက်ခံ သမိုင်းငြိမ်းချမ်းရေးပြခန်းနှင့် ကရင်လူမျိုးများ၏ ရိုးရာယဉ် ကျေးမှုပြခန်းများပါ ထည့်သွင်းကျင်းပသွားမည်ဟု သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...