မိုင်းခေါင် စစ်ရှောင်စခန်းတွင် မီးလောင်မှုဖြစ်ပွား၊ အရေးပေါ်အကူအညီ လိုအပ်

မိုင်းခေါင် စစ်ရှောင်စခန်းတွင် မီးလောင်မှုဖြစ်ပွား၊ အရေးပေါ်အကူအညီ လိုအပ်
မိုင်းခေါင်စစ်ရှောင်စခန်း။ ဓါတ်ပုံ Nhku La
မိုင်းခေါင်စစ်ရှောင်စခန်း။ ဓါတ်ပုံ Nhku La

ကချင်ပြည်နယ် ဗန်းမော်မြို့ မိုင်းခေါင်ကျေးရွာ KBC စစ်ရှောင်စခန်းအတွင်း ဒီဇင်ဘာ ၁၇ ရက် နံနက်တွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း သိရသည်။

မီးဖိုချောင်မှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အိမ်ထောင်စု (၅) စု၏ လူနေအိမ်တန်းလျား(Shelter) နှင့် အိမ်သုံးပစ္စည်းများ မီးလောင်မှုတွင် ပါဝင်ဆုံးရှုံးသွားကြောင့် စစ်ရှောင်စခန်းတာဝန်ခံ ဆရာနော်မိုင်ထံမှ သိရပါသည်။

“စပြီး လောင်တာက ထမင်းချက်ပြီး မီးစ နည်းနည်းကျန်ရာ ကနေ စလောင်တာဖြစ်မယ်။ အခု လတ်တလောလိုအပ်နေတာက ဆောင်းရာသီဆိုတော့ စောင် နဲ့ အနွေးထည် ချက်စားဖို့ အိုး ခွက်တွေ လိုအပ်နေတယ်”ဟု မိုင်းခေါင်စစ်ရှောင်စခန်း တာဝန်ခံက ဆိုသည်။

မီးလောင်မှုအတွင်း ပစ္စည်းဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၃၀ ခန့် ရှိကြောင်း ဆက်ဆိုထားသည်။

မိုင်းခေါင်စစ်ရှောင်စခန်းကို မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲကြောင့် ၂၀၁၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအချိန်တွင် အိမ်ထောင်စု ၄၀၀ ကျော် လူဦးရေ ၁၈၀၀ နေထိုင်သည့် စစ်ရှောင်စခန်းတစ်ခုဖြစ်သည်။

August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...