သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်မှုနည်းပါး

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်မှုနည်းပါး

လာဘ်ရတနာဗိုလ် — သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်များပါဝင်မှုသည် နည်းပါးသည်ဟု ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့ WWF-Myanmarမှ Country director Mr.Nick Cox က ပြောသည်။

ဒီဇင်ဘာ၁၂ရက်နေ့ကပြုလုပ်ခဲ့သည့် Earth Hour Challangeနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

"အတိအကျပြောဖို့တော့ခက်ပါတယ်။ ဒါပေမယ့် ကျွန်တော်လေ့လာမိသလောက်တော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ ထဲထဲဝင်ဝင်ပါဝင်တဲ့ စီးပွားရေးလုပ်ငန်းရှင် အတော်နည်းပါတယ် မြန်မာပြည်မှာက။ ဥပမာ တစ်ခု အနေနဲ့ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေထဲမှာဆိုရင် ၆၀ရာခိုင်နှုန်းလောက်က အစားအသောက်နဲ့ အဖျော်ယမကာထုတ်လုပ်တဲ့ လုပ်ငန်းတွေပေါ့။

အဲ့ဒီလုပ်ငန်းတွေထဲမှာ တော်တော်ကြီးကိုနဲတဲ့ ပမာဏတစ်ခုကပဲ သူတို့လုပ်ငန်းကထုတ်လိုက်တဲ့ စွန့်ပစ်ရေဆိုးတွေနဲ့ အညစ်အကြေးတွေကို သဘာဝပတ်ဝန်းကျင်မထိခိုက်အောင် ဘယ်လိုစီမံရမယ်ဆိုတဲ့ အသိရှိတာ အရမ်း ကိုနည်းတာတွေ့ရပါတယ်။ အများစုကတော့ သူတို့စီကစွန့်ပစ်ရေဆိုးတွေကို သဘာဝချောင်းတွေ မြစ်တွေထဲကို တိုက်ရိုက်စွန့်ပစ်တာတွေရှိနေတယ်ပေါ့" ဟု ၎င်းကဆိုသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် စီးပွားရေးလုပ်ငန်းများ အလေးထားပူးပေါင်းပါဝင်လာကြရန်အတွက်နှင့် ပတ်ဝန်းကျင်ထိခိုက်မှု နည်းပါးသည့် စီးပွားရေးလုပ်ငန်းများ အားကောင်းလာစေရန်အတွက် Earth Hour Challange တစ်ခုအား လာမည့် ၂၀၂၀ မတ်လ ၂၈ရက်နေ့တွင် ပြုလုပ်သွားမည်ဟု သိရသည်။

WWF-မြန်မာက Partnerships Director မမိုးမိုးဝါက "ကျွန်မတို့ကလေ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတဲ့ အခါကျတော့ သစ်တောလည်း ပါသွားတယ်။ သစ်တောဆို အများစုက သစ်ပင်စိုက်တာဆိုပြီး ရင်းနှီး နေတယ်။ ဒီခေါင်းစဉ်အောက်မှာတော့ သစ်တောပြန်လည်ထူထောင်ရေးပေါ့ ဒါက တစ်ချက်၊ ဒုတိယပိုင်းကတော့ ရေဆိုးရေညစ်စွန့်ပစ်တဲ့အပိုင်းတွေပါတယ်။ တတိယအချက်ကတော့ ရာသီဥတု ပြောင်းလဲ မှုနဲ့  ပတ်သက် ပြီးတော့ ကိုယ်တွေ ဘာလုပ်ထားလဲပေါ့၊ နောက်တစ်ခုက ပလပ်စတစ်နဲ့ပတ်သက်လို့ ဘာတွေလုပ်ထားသလဲပေါ့ မလုပ်ရသေးဘူးဆိုလည်း လုပ်လို့ရတယ်ပေါ့။ အဲ့တော့ ဒီနေ့အမတို့ အသိပေးတဲ့ Challange ကိုက ဒီခေါင်းစဉ် ၆ခုထဲကနေပြီးတော့မှ ကိုယ်တွေလုပ်ငန်းစဉ်တွေထဲမှာ ထည့်သွင်းစဉ်းစားထားတဲ့အပိုင်းတွေကို လာပြီး complete လုပ်စေချင်တာပါ။" ဟု ပြောသည်။

ထို Challangeတွင် Earth Hour Champion၊ Earth Hour Brilliance၊ Earth Hour Inspirationနှင့် Earth Hour Encouragement စသည့် ဆု၄ဆု ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကာ WWF က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူများမှ ၆လကြာ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများအား ပြုလုပ်ပေးသွားမည်ဟု သိရသည်။

May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...
May 18, 2026
ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့်...
May 16, 2026
မကွေးတိုင်းထဲက နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နယ်တို့ ထိစပ်နေသည့်...