ကော့သောင်း ရေပိုင်နက်တွင် တွေ့ရှိသည့် ဘင်္ဂါလီ ၁၇၃ ဦးကို ဖမ်းဆီး ထိန်းသိမ်းထား

ကော့သောင်း ရေပိုင်နက်တွင် တွေ့ရှိသည့် ဘင်္ဂါလီ ၁၇၃ ဦးကို ဖမ်းဆီး ထိန်းသိမ်းထား

ကော့သောင်း ရေပြင်ရှိ ရေမြုတ်ကျွန်းအနီးတွင် ဒီဇင်ဘာလ ၁၅ ရက်နေ့က ဘင်္ဂါလီ  ၁၇၃ ဦးကို တပ်မတော် ထောက်ပံ့ရေး ရေယာဉ်က စစ်ဆေး တွေ့ရှိ သဖြင့်  ဖမ်းဆီး အရေးယူ ထားကြောင်း ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်ထံက သိရ သည်။

အဆိုပါ ရေမြုတ်ကျွန်းသည် ကော့သောင်းမှ ရေမိုင် ၁၅၀ အကွာ တွင် ရှိသည့် ကျွန်းလည်း ဖြစ်သည်။

 “အခု ဖမ်းမိတဲ့ စက်လှေပေါ်မှာ လိုက်ပါ လာတဲ့ သူတွေက ဘင်္ဂလားဒေရှ် နိုင်ငံ ဂိုသူဟာနန် ဒုက္ခသည် စခန်းကနေ ထွက်ပြေး လာသူတွေ ဖြစ်တယ်” ဟု ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် သတင်း မှန် ပြန်ကြားရေး ဗိုလ်မှူး ကြီးသန့်ဇင်ဦးက ပြောသည်။

အဆိုပါ ဘင်္ဂလီ  ၁၇၃ ဦးသည် မလေးရှားနိုင်ငံသို့ ဝင်ရောက်ရန် စက်လှေဖြင့် သွားရာမှ ဖမ်းဆီး ခံရခြင်း ဖြစ်သည်ဟု သိရ သည်။

“လောလောဆယ်တော့ ဇာဒက်ငယ်ကျွန်းမှာ အဖွဲ့စုံက စစ်ဆေး မေးမြန်း နေပါတယ်၊ နောက်ပြီး လိုအပ်တဲ့ အရေးယူမှုနဲ့ ပတ်သက်ပြီး၊ နေရပ်ကို ပြန်ပို့သင့် မပို့သင့် ဆိုတာ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြပြီး ဆောင်ရွက် သွားမှာ ဖြစ်တယ်” ဟု  ဗိုလ်မှူးကြီး သန့်ဇင်ဦးက ပြောသည်။

ဘင်္ဂါလီ ၁၇၃ ဦးကို တင်ဆောင်လာသည့် ကျော်ခိုင်တိုး စက်လှေသည်  မြိတ်မြို့မှ ဖြစ်ပြီး၊ ပဲ့နင်း အပါဝင် လှေသား ၇ ဦး ပါရှိပြီး ၎င်းတို့ကိုဖမ်းဆီးစစ်ဆေးနေကြောင်းသိရသည်။

စက်လှေပေါ်တွင် လိုက်ပါလာသည့် ဘင်္ဂါလီ ၁၇၃ ဦးတွင် ကျား ၈၂ ဦး၊ မ ၆၉ ဦး၊ ကလေး ကျား ၁၃ ဦးနှင့် ကလေးမ ၉ ဦးတို့ ဖြစ်သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...