နေရပ်ပြန် နမ်ဆန်ယန်ဒေသခံများ မိုင်းအန္တရာယ် စိုးရိမ်နေရ

နေရပ်ပြန် နမ်ဆန်ယန်ဒေသခံများ မိုင်းအန္တရာယ် စိုးရိမ်နေရ

ကချင်ပြည်နယ် နမ်ဆန်ယန်ဒေသခံများသည် မိမိတို့နေရပ်ကို ပြန်နေကြပြီဖြစ်သော်လည်း မိုင်းအန္တရာယ်ကို စိုးရိမ်နေရဆဲဖြစ်သည် ဟု USAID နဲ့ KachinLand အဖွဲ့တို့၏ စစ်တမ်း တစ်ရပ်တွင် ဖော်ပြထားသည်။၊

နမ်ဆန်ယန်ဒေသခံ စစ်ဘေးရှောင်ပြည်သူများ၏ အိမ်အပြန်ခရီးနှင့်  ပက်သက်၍  USAID နဲ့ KachinLand အဖွဲ့တို့က သုတေသနပြလုပ်ခဲ့သည့် စစ်တမ်းတွင်ဖော်ပြထားခြင်းဖြစ်ကာ  ဒီဇင်ဘာလ ၁၇ ရက်နေ့က  အဆိုပါ စာတမ်းကို ရန်ကုန်မြို့၌ မိတ်ဆက်ခဲ့ခြင်းလည်းဖြစ်သည်။

နေရပ်ပြန်ဒေသခံများ၏ ခြံဝန်းများထဲတွင် တပ်မတော်က မိုင်းရှင်းပေးသော်လည်း အိမ်ထောင်စုဇယားပြပြီး စာရင်းပေးရခြင်းဖြစ်သည်ဟုလည်း KachinLand အဖွဲ့၏ ဒါရိုက်တာဖြစ်သူကပြောသည်။

“ သူက စရင်းထဲမှာ ပါတဲ့လူတွေလောက်ပဲလုပ်ပေးတာ။ အိမ်ထောင်စုစရင်းရှိတယ်၊ စရင်းပေးထားတယ်ပေါ့နော်။ ခြံဝင်းပဲလုပ်ပေးတယ်။ တချို့က အိမ်ထောင်စုပျောက်သွားတာတွေအများကြီးရှိတယ်။ ဒါပေမယ့် ဟိုမှာတကယ်သွားနေတယ်။ အဲ့ဒီ့လို အိမ်ထောင်စုတွေကျ မရှင်း ပေးဘူး” ဟု KachinLand အဖွဲ့ရဲ့ဒါရိုက်တာဖြစ်သူ Dan Seng Lawn ကပြောသည်။

ထို့အပြင် မိုင်းရှင်းရာတွင် အလုပ်လုပ်ကိုင်မည့် လယ်၊ ယာတို့ကိုတော့ မရှင်းပေးနိုင်သေးသဖြင့်  ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများမှာ  ထင်သလောက်ခရီးမပေါက်ကြောင်းလည်း ၎င်းကဆိုသည်။

ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာသို့  နေရပ်ပြန်လာသည့် မိသားစုများမှာ  ၂၀၁၉ ဇန်နဝါရီ ၃၀ မှ စတင်အခြေချ နေထိုင်ခဲ့ခြင်းဖြစ်သည်။

“ ကိုယ်တိုင်ဝင်ရှင်းပြီးနေတယ်။ တချို့ကျတော့ ကျွဲတွေ၊ နွားတွေကို အရင်လွှတ်လိုက်ပြီးတော့ မိုင်းမရှိဘူးဆိုမှ ကိုယ့်ဟာကိုယ် ရှင်းပြီး လုပ်တာပေါ့။ ကိုယ့်နည်းကိုယ့်ဟန်နဲ့လုပ်ကြတဲ့ အဲ့လိုအိမ်ထောင်စုတွေလည်း အများကြီးရှိတယ်” ဟု Dan Seng Lawn ကပြောသည်။

လက်ရှိ နမ်ဆန်ယန်ကျေးရွာတွင် အိမ်ထောင်စု ၉၈ စုရှိပြီး လူဦးရေ ၅၂၇ ဦးနေထိုင်နေခြင်းဖြစ်ကာ နောက်ထပ်ပြန်လာရန် စာရင်းပေးထားသည့် အိမ်ထောင်စု ၈၀ လောက် လည်းရှိနေသည်။

မိုင်းများရှင်းလင်းနိုင်ရန်အတွက် တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ အပစ်ရပ်လက်မှတ်ရေးထိုးရေးသည် အဓိကအရေး ပါသည့် အခြေအနေတွင်ရှိကြောင်းလည်း နမ်ဆန်ယန်တွင် နေထိုင်သည့် ဘုန်းတော်ကြီးတစ်ဦးကလည်းအကြံပြုသည်။

“ တစ်ဖက်နဲ့တစ်ဖက် သိပ်ပြီးတော့မှ အခြေအနေတွေမထားကြဖို့ ပေါ့။ နိုင်ငံခြားသားလည်းမဟုတ်ဘူး။ ရန်သူလည်းမဟုတ်ဘူး။ တိုင်းသူ၊ ပြည်သားပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဲ့တာလေးကို မြန်မြန်လုပ်ပေးရင်တော့ မိုင်းရှင်းတာတွေက သူ့ဟာသူဖြစ်သွားမှာပေါ့” ဟု Dr. Fr. Joseph Gawlu Yung Wa ကပြောသည်။

USAID နဲ့ KachinLand အဖွဲ့တို့၏ စစ်တမ်းအရ နမ်ဆန်ယန်တွင် နေထိုင်သည့် ဒေသခံ  ၉၀ ရာခိုင်နှုန်းကျော်သည်   မည်သည့်နေရာ တွင် မိုင်းထောင်ထားသည်ကို မသိရှိကြဟု ပြောဆိုကြသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...