AA ဖမ်းထားသည့် ဘူးသီးတောင် NLD ဥက္ကဋ္ဌ ဦးရဲသိန်းကို လွှတ်ပေးရန် တောင်းဆို

AA ဖမ်းထားသည့် ဘူးသီးတောင် NLD ဥက္ကဋ္ဌ ဦးရဲသိန်းကို လွှတ်ပေးရန် တောင်းဆို
ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဦးရဲသိန်း (ခ) ဘူနောင်
ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဦးရဲသိန်း (ခ) ဘူနောင်

ကျော်သူဌေး — ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဦးရဲသိန်းကို အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း NLD ရခိုင်ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့က ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ကြေငြာချက်ထုတ်ပြန်လိုက်သည်။

မွတ်ဆလင်များကို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခြင်းစသည့် စွပ်စွဲချက်များဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တွင် တရားစွဲဆိုထားမှုကို ရင်ဆိုင်ဖြေရှင်းနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲပြုလုပ်ရန်အတွက် နယ်သို့ဆင်း၍ ပါတီအဖွဲ့ဝင်များကို စည်းရုံးရေးဆင်းစဉ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

“ပါတီလုပ်တယ်ဆိုတာက ပါတီနိုင်ငံရေးကို ယုံကြည်ပြီးတော့ လုပ်ကြတာပဲ။ အဲတော့ အခုလုပ်တဲ့အလုပ်က ပါတီအလုပ်ပဲဖြစ်တယ်။ ဒါကြောင့် ပြန်လည်လွတ်မြောက်ပေးစေချင်တဲ့ စိတ်ရှိတယ်ပေါ့ဗျာ။ ဒါကြောင့် ပြန်လွတ်ပေးပါလို့ တောင်းဆိုချင်ပါတယ်” ဟု NLD ရခိုင်ပြည်နယ် ဒုတိယဥက္ကဋ္ဌ ဦးစိုးလေးက DMG ကိုပြောသည်။

ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်အနေဖြင့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသော်လည်း ကျူးလွန်သူများကို ထောက်ခံပွဲပြုလုပ်ရန် စီစဉ်သောကြောင့် ဖမ်းဆီးခြင်းဟု AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

 “ ကျနော်တို့ ရခိုင်သားတွေ နေ့စဉ်နဲ့အမျှ ဗမာစစ်တပ်ဆီမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခံနေရတယ်။ ဗမာစစ်တပ်က ရခိုင်ပြည်သူတွေကို နေ့စဉ်နဲ့အမျှ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်။ စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို ဦးရဲသိန်းတို့က ထောက်ခံနေတယ်။ ထေက်ခံပွဲလုပ်ဖို့အတွက် နေပြီးတော့ လုပ်တဲ့ဟာတွေကို ရခိုင်တွေအနေနဲ့ လက်ခံနိုင်စရာ အကြောင်းမရှိ။ အဲဒါကြောင့် သူ့ကို ကျနော်တို့ လုံခြုံရေးအရ လိုအပ်လို့ ထိန်းသိမ်းထားတာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

အလားတူ NLD ပါတီဝင် အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းကိုလည်း ပြီးခဲ့သည့် နိုဝင်ဘာလ (၃) ရက်နေ့ က တပ်မတော်သတင်းပေးသူဟုဆိုကာ ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးထားသည်။

မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...