ရွှေ့ပြောင်းလုပ်သားများ မဲပေးနိုင်ရေး အစိုးရမှလုပ်ဆောင်ပေးရန်လိုအပ်နေ

ရွှေ့ပြောင်းလုပ်သားများ မဲပေးနိုင်ရေး အစိုးရမှလုပ်ဆောင်ပေးရန်လိုအပ်နေ

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ မဲပေးနိုင်ခွင့်ရရှိရေး အစိုးရမှ  ကူညီလုပ်ဆောင်ပေးရန် အလုပ်သမားအဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံ ပြင်ပသို့ သွားရောက်လုပ်ကိုင်နေသည့် သန်းနှင့်ချီသော ရွှေ့ပြောင်းလုပ်သားများသည် နိုင်ငံသား အခွင့်အရေးဖြစ်သော မဲပေးပိုင်ခွင့်ကို ဆုံးရှုံးနေရပြီး ၎င်းတို့ထဲမှ အနည်းငယ်သာ ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေး  နိုင်ခဲ့ကြောင်းလည်းသိရသည်။

“ တရားဝင်သွားတဲ့သူတွေ မဲပေးပိုင်ခွင့်ပဲ ကျွန်တော်တို့ပြောတာပါ။ နှစ်သန်းကျော်ဆိုတာလည်း တရားဝင်သွားတဲ့ မှတ်ပုံတင်နဲ့ လာပြီးလုပ် ကိုင်စားသောက်တဲ့ လူတွေပဲဖြစ်တယ်။ သူတို့ပြောတဲ့ သံရုံးမှာ ပေးဆိုတာလောက် နဲ့က မလုံလောက်ဘူး လို့ကျွန်တော် ပြောချင်တယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် FED အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကပြောသည်။

အရပ်ဖက်အဖွဲ့အစည်းများ၏ စာရင်းအရ ထိုင်းနိုင်ငံတစ်ခုတည်းတွင် သွားရောက်အလုပ် လုပ်ကိုင်နေသူ လေး သန်းခန့်ရှိပြီး အဆိုပါစာရင်းထဲမှ ထက်ဝက်ကျော်မှာ တရားမဝင် လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးနိုင်ခဲ့သူအများစုမှာလည်း ထိုင်းကိုရောက် နေသော ကျောင်းသား၊ကျောင်းသူများ သံရုံးဝန်ထမ်းနှင့် ၎င်းတို့၏မိသားစုဝင်များသာ အများစုဖြစ်ခဲ့ကြောင်း FED အဖွဲ့မှ သိ ရသည်။

ထို့ကြောင့် အစိုးရအနေဖြင့် တရားဝင်အထောက်အထားမရှိသေးသူများကိုလည်း အထောက်အထားများရရှိအောင် စီမံချက်များဖြင့် လုပ် ဆောင်ပေးစေလိုသည်ဟု ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေသည့် အနာ ဂတ်အလင်းတန်းဆုံမှတ် တာဝန်ရှိသူ ဒေါ်သက်သက် အောင်ကပြောသည်။

“ သူတို့သိပ်အလှမ်းဝေးလျှင်  မဲမပေးနိုင်ပါဘူး။ မဲပေးနိုင်ဖို့အခွင့်အလမ်းတွေ အလှမ်းမဝေးဖို့အတွက် အစိုးရအနေနဲ့ သေသေချာချာလေးပေါ့။ မူဝါဒပိုင်းဆိုင်ရာအရ လုပ်ပေးမယ်ဆိုရင် ရွှေ့ပြောင်းလုပ်သားတွေအတွက် နိုင်ငံ သားအခွင့်အရေးဖြစ်တဲ့မဲ ပေးခွင့်ကိုရရှိမှာဖြစ် ပါတယ်” ဟု ၎င်းကဆိုသည်။

ရွှေ့ပြောင်းလုပ်သား အခွင့်အရေးဆောင်ရွက်နေသည့် အဖွဲ့များမှ နေ၍ အလုပ်သမားများ မဲပေးခွင့်ရရှိရေး အစိုးရနှင့် လွှတ်တော် တာဝန်ရှိသူ များကို တိုက်တွန်းပြောဆိုမှုများလည်း လုပ်ဆောင်နေကြောင်းသိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...
May 18, 2026
ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့်...
May 16, 2026
မကွေးတိုင်းထဲက နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နယ်တို့ ထိစပ်နေသည့်...