မွတ်ဆလင်ကျေးရွာကို လက်နက်ကြီးကျည်ထိမှန်မှုကြောင့် နေအိမ်အချို့မီးလောင်

မွတ်ဆလင်ကျေးရွာကို လက်နက်ကြီးကျည်ထိမှန်မှုကြောင့် နေအိမ်အချို့မီးလောင်
ဓာတ်ပုံ - ဦးအောင်သောင်းရွှေ / Facebook
ဓာတ်ပုံ - ဦးအောင်သောင်းရွှေ / Facebook

ဘူးသီးတောင်မြို့နယ်၊ ဆင်သေပြင် မွတ်ဆလင်ကျေးရွာကို ယနေ့ (ဒီဇင်ဘာလ ၁၄ ရက်)၊ နံနက်ပိုင်းက  လက်နက်ကြီးကျည်ဆံများ ထိမှန်မှုကြောင့် နေအိမ်နှစ်ဆောင် မီးလောင်သွားကာ နွား၊ဆိတ်များ သေဆုံးမှုရှိသည်ဟု ဒေသခံများထံက သိရသည်။

“ ဒီနေ့ နံနက် ၇ နာရီကျော်မှာ ၃၁ ဘုံကနေ  လက်နက်ကြီးတွေပစ်တယ်။ ကျွန်တော်တို့ရွာကို ကျတယ်။ အိမ် ၂ ဆောင် မီးလောင်သွားတယ်။ နွား ၅ ကောင်နဲ့ ဆိတ် ၅ ကောင်ပါသွားတယ်။ လူတွေတော့ ထိခိုက်မူမရှိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျေးရွာ၏ အရှေ့ဘက် (၄)ဖာလုံအကွာရှိ သုံးဆယ့်တစ်ပုံစေတီတွင် တပ်စွဲထားသည့် တပ်မတော်က ပစ်ခတ်မှုကြောင့် နေအိမ်များပျက်စီးကာ တိရစ္ဆာန်များသေဆုံးသွားခြင်းဟု ဒေသခံများက ဆိုကြသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်နေ့၊ ညနေပိုင်းကလည်း လက်နက်ကြီးကျည်ထိမှန်မှုကြောင့် အဆိုပါကျေးရွာမှာ နေအိမ်တစ်လုံးမီးလောင်သွားကာ နွားငါးကောင်သေဆုံးသွားသည်ဟု ဘူးသီးတောင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောသည်။

 “ မနေ့ ညနေကလည်း ၃၁ ဘုံကနေ လက်နက်ကြီးပစ်တယ်။ ဆင်သေပြင်ရွာမှာကျပြီး အိမ်တစ်လုံးနဲ့ နွား ၅ ကောင်ပါသွားတယ်လု့ိကြားတယ်။ ဒီနေ့ နံနက်ကလည်း ထပ်ပစ်လို့ အိမ်နှစ်လုံးပါသွားတယ်။ အဲဒီရွာနားမှာ တိုက်ပွဲဖြစ်တာမရှိဘူး”ဟု ၎င်းက ဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်း စစ်ဋ္ဌာနချုပ်မှ တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို  DMG ကဆက်သွယ်ရာ ဖုန်းစက်ပိတ်ထားသဖြင့် ဆက်သွယ်၍ မရရှိခဲ့ပေ။

မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...