ရှမ်းပြည်နယ်တွင် တပ်သားသစ် စုဆောင်းမှုမရှိဟု UWSA “၀” အဖွဲ့ပြော

ရှမ်းပြည်နယ်တွင် တပ်သားသစ် စုဆောင်းမှုမရှိဟု UWSA “၀” အဖွဲ့ပြော
by -
မဇ္ဈိမ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပေါက်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် UWSA “ဝ” အဖွဲ့မှ တပ်သားသစ် စုဆောင်းခြင်းမရှိဟု “ဝ”အဖွဲ့ (UWSA) လားရှိုးတာဝန်ခံ ဦးညီရန်းက ဇန်နဝါရီ ၂၄ရက်တွင် ပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပေါက်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် UWSA “ဝ” အဖွဲ့က အတင်း အဓမ္မ လူသစ်စုဆောင်းမှုများကြောင့် ဒေသခံပြည်သူအချို့နေရပ် စွန့်ခွာလာရသည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ခဲ့ပြီး  “၀” တပ်ဖွဲ့ဘက်မှ ယနေ့ ငြင်းဆိုသည်။

“ကျွန်တော်ကနေပြီးမှ တပ်ဖွဲ့အသစ် စုဆောင်းတယ်ဆိုတာမရှိပါဘူး ကျွန်တော်တို့ဒေသအတွက် ကျွန်တော်တို့ တပ်ဖွဲ့တွေက လုံလောက်မှုရှိပါပြီ “ ဟု “ဝ”အဖွဲ့ (UWSA) လားရှိုးတာဝန်ခံ ဦးညီရန်းက ပြောသည်။

မိုင်းပေါက်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများ၌ UWSA “ဝ” အဖွဲ့မှ လူသစ်စုဆောင်းမှုရှိနေပြီး ယင်းဒေသမှ ဒေသခံမိသားစုဝင် ၁၀ ဦးတို့သည် ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းတွင် မိုင်းဖြတ်မြို့သို့ ထွက်ပြေးလာကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့(ဇန်နဝါရီ ၂၄)ထုတ်ပြန်ထားသည်။

ထိုသို့ လူသစ်စုဆောင်းရာတွင် UWSA “ဝ” အဖွဲ့သည် ကျေးရွာများရှိ အသက် ၁၂ နှစ်အထက်ရှိသူများအား စစ်မှုမထမ်းမနေရ အမိန့် ထုတ်ပြန်ထားသဖြင့် ထွက်ပြေးတိမ်းရှောင်လာခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးထုတ်ပြန်ချက်တွင် ပါရှိသည်။

အသက် ၁၂ နှစ်အထက်ရှိသူများနှင့် ပက်သက်ပြီး လားရှိုးတာဝန်ခံ ဦးညီရန်းက “ ၁၀ နှစ်ဝန်းကျင် ဥပမာ မိဘမဲ့ကလေးတွေ ကျောင်းမတက်နိုင်တဲ့ကလေးတွေ ဘော်ဒါလိုပုံစုံမျိုးနဲ့ကျောင်းဖွင့်ပေးတယ်။ ပညာသင်ပေးတယ်။ အဲ့ဒါမျိုး ရှိပါတယ် ” ဟု ပြန်လည်ပြောဆိုသည်။

UWSP/UWSA သည် တပ်မတော်အစိုးရနှင့် ၁၉၈၉ ခုနှစ် မေလတွင် အပစ်အခတ်ရပ်စဲခဲ့ပြီး၊ ယင်းနောက်တွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားကာ၊ ယခင်အစိုးရနှင့် ၂၀၁၁ခုနှစ် စက်တင်ဘာ ၆ရက်တွင် အပစ်အခတ်ရပ်စဲရေး ပထမဆုံးသဘောတူခဲ့သည့် အဖွဲ့လည်းဖြစ်သည်။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...