အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)ကို နယ်သာလန်က လူ့အခွင့်အရေးဆု ချီးမြှင့်

အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)ကို နယ်သာလန်က လူ့အခွင့်အရေးဆု ချီးမြှင့်
Photo_WLB
Photo_WLB

အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)အား နယ်သာလန်နိုင်ငံက လူအခွင့်အရေး ဆိုင်ရာလှုပ်ရှားဆောင်ရွက်မှုဆု (Human Rights Tulip Myanmar Award 2019) ကို  ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ၊ ပြင်သစ်ယဉ်ကျေးမှုဌာန၌ ချီးမြှင့်ခဲ့သည်။



ဆုရရှိမှုအပေါ် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ အထွေ ထွေအတွင်းရေးမှူး နော်ဆဲဆဲက “ ကျမတို့ အဖွဲ့ကို နှစ် ၂၀ အတွင်းမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ရပ်တည် လုပ်ဆောင်ခဲ့တဲ့ အပေါ်ပေးတာပါ။ အထူး သဖြင့် တရားမျှတမှုရယ်၊ တန်းတူရေးရယ်၊ ခွဲခြားဆက်ဆံမှုတွေ အပေါ်မှာ တစိုက်မတ်မတ် ရပ်တည်ခဲ့တဲ့ အပေါ် သူတို့ ဂုဏ်ပြုချင်လို့ ဆုပေးတာပါ” ဟု ကေအိုင်စီသို့ ပြောသည်။



အဆိုပါ နယ်သာလန် အစိုးရက ချီးမြှင့်သည့် လူအခွင့်အရေး ဆိုင်ရာလှုပ်ရှားဆောင်ရွက်မှုဆု (Human Rights tulip Myanmar Award 2019)ကို အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)အပြင် ပြည်တွင်း၌ လူ့အခွင့်အရေး ဆိုင်ရာ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ကိုသက်ဆွေဝင်းကိုလည်း ပူးတွဲချီးမြှင့်ခဲ့သည်။



အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံကို) ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် ထိုင်းနယ်ဒေသများမှ တိုင်းရင်းသား အမျိုးသမီးအဖွဲ့အစည်း ၁၃ ဖွဲ့တို့ အဖွဲ့ဝင်အဖြစ် ပါဝင် ဖွဲ့စည်းထားသည်။



အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာပြည်)သည် ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့တွင် အမျိုးသမီးများ ပိုမိုပါဝင်လာအောင်လုပ်ဆောင်နေသည့် အဖွဲ့ဖြစ်သလို၊ အမျိုးသမီးများအပေါ် အကြမ်း ဖက်မှုပပျောက်ရေး၊ အမျိုးသမီးများ စွမ်းရည်မြှင့်တင်ပေးရေး စသည်တို့ကိုလည်း လုပ်ဆောင်နေသည့် အဖွဲ့ ဖြစ်သည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...