သံတွဲတွင် သင်္ကန်းဝတ်ပြီး အလှူခံနေသူ (၃)ဦးနှင့် ကားမောင်းသူ(၂)ဦးကို ဖမ်းဆီး

သံတွဲတွင် သင်္ကန်းဝတ်ပြီး အလှူခံနေသူ (၃)ဦးနှင့် ကားမောင်းသူ(၂)ဦးကို ဖမ်းဆီး

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာတွင် လှည့်လည်အလှူခံနေသည့် သင်္ကန်းဝတ်ဆင်ထားသူ (၃) ဦးနှင့် ကားမောင်းသမား (၂)ဦးတို့ကို ရဲတပ်ဖွဲ့က ဒီဇင်ဘာလ (၆)ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းလိုက်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ထူးအောင်က ပြောသည်။

၎င်းတို့သည် ကျေးရွာအတွင်းအလှူခံပြီးနောက် ရွာအနီးမှာ လူအဝတ်ကို ချွတ်ပြီး သင်္ကန်းလဲနေသည်ကို တွေ့ရှိရသဖြင့် ဖမ်းဆီးလိုက်ခြင်းဟု ၎င်းက ဆက်လက်ဆိုသည်။

“သူတို့ကို ဖမ်းလိုက်တာက သူတို့က ကျေးရွာအနီးအနားမှာ လူအဝတ်ကို ချွတ်ပြီးတော့ သင်္ကန်းလဲဝတ်တယ်။ ပြီးတော့ ရွာတွေမှာ လိုက်ပြီးတော့ အယောင်ဆောင်ပြီးတော့ အလှူခံနေတယ်လို့ ပြောတာတွေကြောင့် ဖမ်းလိုက်တာပါ” ဟု ဦးဇော်ထူးအောင်က ပြောသည်။

၎င်းတို့ကို လာမည့် ဒီဇင်ဘာလ (၉)ရက်နေ့တွင် ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း၊ မည်သည့်ပုဒ်မဖြင့် အမှုဖွင့်ထားသည်ကို မသိရှိရသေးကြောင်း ၎င်းကဆက်လက်ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ကျောက်ကြီးနယ်မြေရဲစခန်းမှူးကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပေ။

ရခိုင်လူထုဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(RCDF)မှ အသင်းသူတစ်ဦး သွေးလှူဒါန်းနေမှုကို တွေ့ရစဉ်။ ဓာတ်ပုံ - Ko Htun Iin (ပေးပို့)
May 26, 2026
စစ်အုပ်စု၏ လေကြောင်း အန္တရာယ်နှင့် ဒေသတွင်း စက်သုံးဆီ ဈေးနှုန်းများ အဆမတန်မြင့်...
ရခိုင်ပြည်အတွင်းက ကုန်စုံဆိုင်တစ်ဆိုင်အား တွေ့ရစဥ်။ ဓာတ်ပုံ - DMG
May 26, 2026
ရခိုင်ပြည်သို့ ကုန်စည်စီးဆင်းနေသည့် မကွေးတိုင်း ဆောမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က နေရာယူ...
May 25, 2026
ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်း တိုက်ရိုက်ထိစပ်နေသည့် မကွေးတိုင်းနှင့် ချင်းပြည်တောင်ပိုင်းက...
May 23, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို မေလ ၂၁ ရက်က...