မြောက်ဦးမြို့နယ်က ဖမ်းဆီးခံနေရသူများ၏ သတင်းအစအနကို မသိရသေး

မြောက်ဦးမြို့နယ်က ဖမ်းဆီးခံနေရသူများ၏ သတင်းအစအနကို မသိရသေး

 ကျော်သူဌေး — ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ သပြေကန်ကျေးရွာအနီးတွင် တပ်မတော်က ဖမ်းဆီးခဲ့သူနှစ်ဦး၏ သတင်းအချက်အလက်ကို လက်ရှိအချိန်ထိ မကြားရသေးဟု ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များထံက သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၂၉)ရက်နေ့က သပြေကန်ကျေးရွာအနီးတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ ယင်းနောက် သပြေကန်ရွာသား ဦးဆိတ်ဖားချေ နှင့် မင်းပြားမြို့နယ်မှ သံတိုသံစပစ္စည်းများ ဝယ်ယူနေသည့် ဦးစိန်ဝင်းမောင်တို့ကို တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် သပြေကန်ရွာသားတစ်ဦးက ပြောသည်။

“သပြေကန်ရွာနားမှာ မိုင်းပေါက်ပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်တာကြောင့် ရွာသားတွေ ကြောက်ပြီးတော့ ထွက်ပြေးသွားတယ်။ အဲဒီမှာ သူတို့နှစ်ဦးကို စစ်တပ်က ဖမ်းသွားတာပါ”ဟု ၎င်းကပြောသည်။

၎င်းတို့နှစ်ဦးကို တပ်မတော်က မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရသေးသောကြောင့် ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းထံ မေးမြန်းရန် သွားရောက်ခဲ့သော်လည်း တွေ့ခွင့်မရခဲ့ဟု မင်းပြားမြို့နယ်မှ ပြည်နယ်လွှတ်တော်အမတ် ဦးလှအောင်ညွှန့်က ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ရာတွင် ခရီးလွန်နေသည်ဟု ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် AA နှင့် ပတ်သက်သည်ဟုဆိုကာ စွပ်စွဲခံရ၍ တရားစွဲခံရသူ စုစုပေါင်း (၅၀၃)ဦးရှိကာ ယင်းအထဲမှ (၁၀)ဦး လွတ်မြောက်ခဲ့ပြီဖြစ်ကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့က နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ရခိုင်လူထုဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(RCDF)မှ အသင်းသူတစ်ဦး သွေးလှူဒါန်းနေမှုကို တွေ့ရစဉ်။ ဓာတ်ပုံ - Ko Htun Iin (ပေးပို့)
May 26, 2026
စစ်အုပ်စု၏ လေကြောင်း အန္တရာယ်နှင့် ဒေသတွင်း စက်သုံးဆီ ဈေးနှုန်းများ အဆမတန်မြင့်...
ရခိုင်ပြည်အတွင်းက ကုန်စုံဆိုင်တစ်ဆိုင်အား တွေ့ရစဥ်။ ဓာတ်ပုံ - DMG
May 26, 2026
ရခိုင်ပြည်သို့ ကုန်စည်စီးဆင်းနေသည့် မကွေးတိုင်း ဆောမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က နေရာယူ...
May 25, 2026
ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်း တိုက်ရိုက်ထိစပ်နေသည့် မကွေးတိုင်းနှင့် ချင်းပြည်တောင်ပိုင်းက...
May 23, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို မေလ ၂၁ ရက်က...