မူလတန်းပြ ဆရာမ အသတ်ခံရမှုအတွက် တရားဥပဒေစိုးမိုးရေး အတွက်ဆန္ဒထုတ်ဖော်

မူလတန်းပြ ဆရာမ အသတ်ခံရမှုအတွက် တရားဥပဒေစိုးမိုးရေး အတွက်ဆန္ဒထုတ်ဖော်
by -
သန်းထိုက်အောင်
Photo - Chin World
Photo - Chin World

ချင်းပြည်နယ် တွန်းဇန်မြို့နယ်အတွင်းရှိ  တွီးဗျာလ်ဇန်ကျေးရွာတွင်  အောက်တိုဘာလ ၁၇ရက်နေ့က ချင်းလူမျိုး မူလတန်းပြ ဆရာမတစ်ဦး အသတ်ခံခဲ့ရမှုအတွက် တရားဥပဒေစိုးမိုးရေး ဒေသခံပြည်သူ  ၇၀၀ ဝန်းကျင်မှ  ဒီဇင်ဘာ ၁ ရက်နေ့ နေ့လည်က  ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည်။

“ကသည်းလက်နက်ကိုင်အဖွဲ့ရဲ့ ပြည်တွင်းမှာ ခိုလှုံမှု နောက်ဆက်တွဲ ဆိုးကြိုးတွေထဲက တစ်ခုဖြစ်တဲ့ ဆရာမကိုင်တိုင် သတ်ဖြတ်ခံရတဲ့ ကိစ္စကို ဆန္ဒထုတ်ဖော်တာ ဖြစ်တယ်။ ခုလိုဆရာမတစ်ယောက် သတ်ဖြတ်ခံရတယ် ဆိုတာ ကျွန်တော်တို့အတွက် လုံခြုံရေးက စိုးရိမ်ရတယ် ချိုးဖောက်ခံနေရတယ်”ဟု ချင်းတောင်သဘာဝသယံဇတ စောင့်ကြည့်ရေးအဖွဲ့ အမှုဆောင်တစ်ဦးဖြစ်ပြီး ဇိုမီးကျောင်းသားနှင့် လူငယ်အဖွဲ့ဝင် ကိုဇေမ်းထမ်းက မဇ္စျိမကို ပြောသည်။

ကျောင်းသားများ အရပ်ဖက်အဖွဲ့အစည်းများနှင့်  ဒေသခံများ ပါဝင်သည့် ဆန္ဒထုတ်ဖော်သူများသည်  တီးတိန်မြို့ လွယ်ဘွာလ်ရပ်ကွက် လမ်းဇန်လမ်းဆုံကနေ  Zolengthe နာရီစင်အထိ လမ်းလျှောက် ဆန္ဒထုတ် ဖော်ခဲ့ကြ ခြင်း ဖြစ်သည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် “ တရားမဝင် မဏိပူရ် ကသည်းလက်နက်ကိုင်များ အရေးယူပေးရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဒေသ ဝန်ထမ်းများဘဝ လုံခြုံမှု ရရှိရေး ၊စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေး အပါအ ဝင် အသတ်ခံခဲ့ရတဲ့ ဆရာမ ဒိမ်လွန်မန်အတွက် တရားမျှတမှုနှင့် အမှန်တရား ပေါ်ပေါက်ရေးရေး နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပါ နိုင်ငံတော် အခြေခံမှု အခန်း(၁) ပုဒ်မ ၄၂(ခ) ကာကွယ်ပေးရေးတို့ကို ဆန္ဒထုတ်ဖော်သူတွေက ကြွေးကြော်တောင်းဆိုခဲ့ကြသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ် အချိန်က  ချင်းလူမျိုး မူလတန်းပြဆရာမ လျာဒိမ်လွန်မန်ကို နေအိမ်ရှေ့တွင်  အိန္ဒိယမဏိပူရ်ပြည်နယ်သား ဘိနော်ဆိုသူက သေနတ်နှင့် ပစ်ခတ်ခဲ့သောကြောင့် ဆရာမမှာ နေရာမှာတင် သေဆုံးခဲ့သည်ဟု ဇိုမီးကျောင်းသားနှင့် လူငယ်အဖွဲ့က ပြောဆိုထားသည်။

ဆရာမအသတ်ခံရမှုနှင့် ပတ်သက်ပြီး သတ်ဖြတ်ခဲ့သူကို အိန္ဒိယ မြန်မာ လုံခြုံရေးအဖွဲ့များက ပူးပေါင်းဖမ်းဆီးပေးရန် ချင်းအရပ်ဖက် အဖွဲ့အစည်းများကလည်း တောင်းဆိုထားသည်။

May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...
May 18, 2026
ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့်...
May 16, 2026
မကွေးတိုင်းထဲက နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နယ်တို့ ထိစပ်နေသည့်...