ရခိုင်တွင် မိုင်းအန္တရာယ် အသိပညာပေးပြုလုပ်မည်

ရခိုင်တွင် မိုင်းအန္တရာယ် အသိပညာပေးပြုလုပ်မည်

ဝင်းညွန့် — ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်နေပြီး ယင်း၏အကျိုးဆက်အဖြစ် အရပ်သားများ မိုင်းထိမှန်ကာ သေဆုံး၊ဒဏ်ရာရရှိမှုအရေအတွက် မြင့်တက်လာသည်။

ထို့ကြောင့် ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြားမြို့နယ်များတွင် မိုင်းအန္တရာယ် အသိပေးလုပ်ငန်းတစ်ရပ်ကို လာမည့် ဇန်နဝါရီလအတွင်း အကောင်အထည်ဖော်မည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။

“အဓိကတော့ ကျွန်တော်တို့ အရပ်သားတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ကူညီတဲ့အနေနဲ့ မိုင်းကြောင့် အရပ်သားသေဆုံးမူတွေကို လျှော့ချနိုင်ရေးအတွက်ပါ ပြုလုပ်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကပင် တိုက်ပွဲဖြစ်ပွားနေမှုကြောင့် တောတောင်များတွင် ဟင်းရှာ၊ ထင်းခုတ်သွားသူများ၊ ရွာအနီးနွားကျောင်းနေကြသည့် ဒေသခံများမှာ မိုင်းနင်းမိကာ မကြာခဏ သေဆုံး၊ ဒဏ်ရာရရှိမှုများရှိနေသည်။

ရခိုင်ပြည်နယ်တွင် မိုင်းအန္တရာယ်ကြောင့် သေဆုံးသူ (၁၆)ယောက်ရှိပြီး ဒဏ်ရာရရှိသူ (၅၇)ယောက်ရှိသည်။ ဒဏ်ရာရသူများအနက် (၁၅)ယောက်မှာ ကိုယ်လက်အင်္ဂါ ချွတ်ယွင်းသွားသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးထံက သိရသည်။

မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...