မြောက်ဦးမြို့ထဲကို လက်နက်ကြီးကျ၍ (၃) ဦးသေကာ လေးဦးပြင်းထန်စွာဒဏ်ရာရ

မြောက်ဦးမြို့ထဲကို လက်နက်ကြီးကျ၍ (၃) ဦးသေကာ လေးဦးပြင်းထန်စွာဒဏ်ရာရ

အောင်ထိန် — ရခိုင်ပြည်နယ် မြောက်ဦးမြို့ အလယ်ဈေးရပ်ကွက်တွင် ဒီဇင်ဘာလ ၂ ရက် ညနေ ၄ နာရီခွဲအချိန်ခန့်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားသောကြောင့် ကလေး(၃) ဦးသေဆုံးကာ (၄) ဦး ဒဏ်ရာရရှိသွားသည်ဟု ဂရုဏာလှိုင်း မြောက်ဦးသွေးလှူရှင်များအသင်းထံက သိရသည်။

အလယ်ဈေးရပ်ကွက်သားများမှာ မိမိနေအိမ်တွင်ထိုင်ပြီး စကားပြောနေကြစဉ် လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကလေးနှစ်ဦး ပွဲချင်းပြီးသေဆုံးသွားကာ ငါးဦးမှာ ပြင်းထန်စွာဒဏ်ရာရရှိသွားသည်။ ဒဏ်ရာရရှိသူများအနက် ကလေးငယ်တစ်ဦးမှာ ဆေးရုံသို့ပို့ဆောင်စဉ် ထပ်မံသေဆုံးသွားသည်။

“လက်နက်ကြီးက တစ်မိုင်ကျော်ကျော်ဘက်ကနေ ပစ်တာ။ အဲ့ဒီမှာ လက်နက်ကြီးကျည်ထိသွားတဲ့သူတွေက အိမ်မှာနေနေကြတာ။ အိမ်နှစ်အိမ်ရှေ့ လမ်းအဝမှာကျသွားတာ။ လက်နက်ကြီးက တစ်လုံးတည်းပဲကျတာ။ ကလေးငယ်နှစ်ဦး အဲ့ဒီနေရာမှာပဲသေဆုံးသွားတယ်” ဟု အမည်မဖော်လိုသည့် မြို့ခံတစ်ဦးက DMG ကိုပြောသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူများကို မြောက်ဦးဆေးရုံသို့ အရေးပေါ်ပို့ဆောင်ထားကာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရသည်ဟု ဂရုဏာလှိုင်း မြောက်ဦးသွေးလှူရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“မျက်နှာတွေအားလုံးမှာ ဒဏ်ရာတွေနဲ့ ခြေလက်တွေမှာ အသားတွေက ပဲ့ထွက်သွားတယ်။ ခြေတွေလက်တွေက ပြုတ်ကျမယ့်ပုံဖြစ်နေတယ်။ လူနာနှစ်ယောက်က လုံးဝမျှော်လင့်ချက်မဲ့နေတယ်။ သွေးတွေကလည်း တအားကြီးစီးကျနေတယ်။ အခုကတော့ မသေတဲ့သူတွေ အရေးပေါ်ခန်းထဲမှာပဲ။ အကုန်လုံးကဒဏ်ရာ အလွန်ပြင်းထန်တယ်” ဟု ၎င်းကဆိုသည်။

မြောက်ဦးမြို့၏ တစ်မိုင်ခန့်အကွာအဝေးတွင်ရှိသော ရွှေတောင် ၅၄၀ တပ်ရင်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ဆန်ကြောင့် ထိုသို့သေဆုံး၊ဒဏ်ရာရရှိသွားခြင်းဟု ဒေသခံတစ်ချို့က စွပ်စွဲသည်။

ထိုစွပ်စွဲချက်နှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ရာတွင် “ခရီးလွန်နေတယ်” ဟု ပြောဆိုသည်။ ဆက်လက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ဗိုလ်ချုပ်ထွန်းထွန်းညီနှင့် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ကို ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ယနေ့ နေ့လည်ပိုင်းကလည်း မြောက်ဦးမြို့နယ်၊ နလိပ်ကျေးရွာသို့ လက်နက်ကြီးကျည်ဆံကျရောက်မှုကြောင့် ဒေသခံသုံးဦး ဒဏ်ရာရရှိသွားသည်။

အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလ (၁)ရက်နေ့ကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရ၍ မြောက်ဦးမြို့နယ်၊ ရှာရှည်ပြင်ကျေးရွာမှ ဒေသခံ (၅)ဦး ဒဏ်ရာရရှိသွားသည်။ ရခိုင်ပြည်နယ်တွင် လက်နက်ကြီး ကျည်ဆန်ထိမှန်မှု၊ ပစ်ခတ်ခံရမှု၊ မိုင်းနင်းမိမှုကြောင့် အရပ်သား (၈၀)ကျော်သေဆုံးကာ ဒဏ်ရာရရှိသူ (၁၂၀)ဦးခန့်ရှိကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...