မြန်မာစစ်တပ်ကို ICJ အရေးယူရန်ကြိုးပမ်းနေမှု ညီနောင်မဟာမိတ်သုံးဖွဲ့ ထောက်ခံ

မြန်မာစစ်တပ်ကို ICJ အရေးယူရန်ကြိုးပမ်းနေမှု ညီနောင်မဟာမိတ်သုံးဖွဲ့ ထောက်ခံ

ကျော်ချစ် — မြန်မာ့တပ်မတော်ကို ဂမ်ဘီယာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) ၌လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး(ICC) ၌လည်းကောင်း၊ နိုင်ငံတကာတရားစီရင်ပိုင်ခွင့်ရ အာဂျင်တီးနားတရားရုံး၌ လည်းကောင်း အမှုဖွင့်တိုင်ကြားပြီး အရးယူနိုင်ရန် စတင်ကြိုးပမ်းနေသည်ကို ထောက်ခံကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ပူးတွဲသဘောထား ထုတ်ပြန်လိုက်သည်။

“ကျနော်တို့ဘက်က ထောက်ခံတယ်ဆိုတာက ဗမာစစ်ခေါင်းဆောင်တွေဟာ နှစ်ပေါင်း ၇၀ လောက် စစ်ရာဇဝတ်မှုတွေကို ကျူးလွန်လာတာ။ အဲဒါကြောင့်မို့ အပြစ်ရှိတဲ့ စစ်ရာဇဝတ်သားတွေကို အရေးယူဖို့ကြိုးစားတယ်ဆိုတာက မှန်ကန်တဲ့လုပ်ရပ်ဖြစ်တယ်။ ကျနော်တို့ဘက်ကလည်း ထောက်ခံတယ်။ ဒီလိုမျိုးအရေးယူနိုင်မှပဲ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာဖြစ်တယ်” ဟု ညီနောင်မဟာမိတ်အဖွဲ့ဝင် ရက္ခိုင့်တပ်တော် ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် တအောင်းလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ကိုးကန့်တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်တော်(AA)တို့က မြန်မာတပ်မတော်၏ လုပ်ရပ်များအပေါ် အပြစ်ပေးအရေးယူရန် ကြိုးပမ်းမည့်သူများ၊ အဖွဲ့အစည်းများအား ၎င်းတို့ရရှိထားသည့် သက်သေအချက်အလက်များနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားရန် အမြဲတမ်းအဆင်သင့်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“စစ်ရှောင်တွေ ရွာတွေကပြေးသွားတဲ့အချိန်မှာ သူတို့မှာကျန်ခဲ့တဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို ဗမာစစ်တပ်တွေက သတ်စားလိုက်ပြီးပြီ။ သူတို့မှာကျန်ခဲ့တဲ့ ဆန်၊ စပါးတွေကိုလည်း ဗမာစစ်တပ်တွေက သူတို့ရိက္ခာအဖြစ်နဲ့ အားလုံးကို လိုချင်တဲ့ဟာကို ယူစားလိုက်ပြီးပြီ။ တန်ဖိုးရှိပစ္စည်းတွေကိုလည်း ရွာသားတွေမရှိတဲ့အချိန်မှာ ဖောက်ထွင်းခိုးယူမှုတွေကို ဗမာစစ်တပ်ဘက်က တောက်လျှောက်လုပ်နေတာရှိတယ်။ ဒီဟာတွေဟာ လူသားတစ်ဦးအပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်တယ်။ ဒီဟာတွေကိုလည်း နိုင်ငံတကာအနေနဲ့ တစ်ပါတည်း အရေးယူဖို့သင့်တယ်ဆိုတာကို ကျနော်တို့ဘက်က ထောက်ပြချင်တာရှိတယ်” ဟု ခိုင်သုခက ဆိုသည်။

လက်ရှိတွင် ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC)ကိုယ်စား ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိစ္စနှင့်စပ်လျဉ်း၍ တပ်မတော်၏လုပ်ဆောင်ချက်များအပေါ် အရေးယူပေးရန် အပြည်ပြည် ဆိုင်ရာတရားရုံး(ICJ)၌ တရားစွဲဆိုထားသည်။

ထိုသို့ တရားစွဲဆိုထားသည့်အပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကာ သွားရောက်ဖြေရှင်းမည် ဖြစ်သည်။

ယခု အမှုကိုရင်ဆိုင်ရာတွင်လည်း နိုင်ငံတော်အစိုးရအနေဖြင့် မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးကိုဖြစ်စေ၊ မည်သည့်ဘာသာကိုဖြစ်စေ၊ မည်သည့်လူအစုအဖွဲ့ကိုဖြစ်စေ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ထိခိုက်နစ်နာစေခြင်း၊ တိုက်ခိုက်ခြင်း၊ အလျဉ်းမပြုလုပ်ဘဲ ဤပကတိအရှိတရားနှင့် သန္နိဋ္ဌာန်ကို ကမ္ဘာက သိရှိနားလည်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုဝင်ဘာ ၂၇ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ်အတွင်းက စစ်တွေမြို့ မြင်ကွင်း။ ဓာတ်ပုံ - DMG
May 28, 2026
ရခိုင်ပြည်တွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို...
ရခိုင်လူထုဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(RCDF)မှ အသင်းသူတစ်ဦး သွေးလှူဒါန်းနေမှုကို တွေ့ရစဉ်။ ဓာတ်ပုံ - Ko Htun Iin (ပေးပို့)
May 26, 2026
စစ်အုပ်စု၏ လေကြောင်း အန္တရာယ်နှင့် ဒေသတွင်း စက်သုံးဆီ ဈေးနှုန်းများ အဆမတန်မြင့်...
ရခိုင်ပြည်အတွင်းက ကုန်စုံဆိုင်တစ်ဆိုင်အား တွေ့ရစဥ်။ ဓာတ်ပုံ - DMG
May 26, 2026
ရခိုင်ပြည်သို့ ကုန်စည်စီးဆင်းနေသည့် မကွေးတိုင်း ဆောမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က နေရာယူ...
May 25, 2026
ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်း တိုက်ရိုက်ထိစပ်နေသည့် မကွေးတိုင်းနှင့် ချင်းပြည်တောင်ပိုင်းက...