ရခိုင်တွင် MSME လုပ်ငန်းများ တိုးတက်ရေး လုပ်နေဟုဆို

ရခိုင်တွင် MSME လုပ်ငန်းများ တိုးတက်ရေး လုပ်နေဟုဆို
၂၀၂၃ ခုနှစ်အတွင်းက စစ်တွေမြို့ မြင်ကွင်း။ ဓာတ်ပုံ - DMG
၂၀၂၃ ခုနှစ်အတွင်းက စစ်တွေမြို့ မြင်ကွင်း။ ဓာတ်ပုံ - DMG

ရခိုင်ပြည်တွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးလုပ်နေကြောင်း စစ်အစိုးရခန့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးနိုင်ဦးက ပြောဆိုလိုက်သည်။

စစ်တွေမြို့ ခိုင်သဇင်ခန်းမတွင် မေလ ၂၅ ရက်က ပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်း အသေးငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင် ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဌာနဆိုင်ရာများ၏ လုပ်ငန်းလိုင်စင်၊ မှတ်ပုံတင် ဆောင်ရွက်ပေးနေမှုကို စစ်ဆေးခဲ့ကြောင်း သိရသည်။

လက်ရှိ စစ်တွေမြို့အနီး စစ်အုပ်စုနှင့် အာရက္ခတပ်တော်တို့ နှစ်ဘက် စစ်ရေးတင်းမာနေပြီး တိုက်ပွဲများ မကြာခဏရှိနေသဖြင့် မည်သည့် စီးပွားရေးမှ လုပ်၍ မရကြောင်း စစ်တွေဒေသခံ စီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။

“ စစ်တွေက လုပ်ငန်းရှင်တွေက ရန်ကုန်ကို ပြောင်းရွှေ့တာ များတယ်။ စစ်တွေဘက်ကို တိုက်ပွဲတွေ စလာကတည်းက စစ်တွေမြို့ခံတွေ ရန်ကုန်ဘက်ကို စစ်ရှောင်ကြတယ်။ လူတွေ စစ်ရှောင်တော့ လုပ်ငန်းတွေလည်း ဒီကို ပြောင်းလာတဲ့ သဘောပေါ့။ အရင်က စစ်တွေမြို့က ရခိုင်က မြို့တွေအားလုံးနဲ့ ဆက်သွယ်လုပ်ကိုင်လို့ရတဲ့ စစ်တွေမြို့ အခုက သီးသန့် စစ်တွေမြို့ ဖြစ်နေတော့ အလုပ်က မဖြစ်ဘူးလေ ” ဟု ရန်ကုန်ရောက် စစ်တွေဒေသခံ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ယင်းကြောင့် အဆိုပါ စစ်အစိုးရ ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်တွင် MSME လုပ်ငန်းများ တိုးတက်ရေး လုပ်နေကြောင်း ပြောဆိုချက်မှာ ဟန်ပြ ဝါဒဖြန့်ရုံသာ ဖြစ်ကြောင်း မြို့ခံများက ဆိုသည်။

လက်ရှိ စစ်တွေမြို့တွင် စစ်အုပ်စုက လုံခြုံရေးတင်းကျပ်ကာ စစ်တွေမြို့ကို ခြံစည်းရိုး ကာရံထားခြင်း၊ လမ်းမတစ်လျှောက် ဘန်ကာများ ဆောက်လုပ်ထားခြင်း၊ ဧည့်စာရင်း စစ်ဆေးခြင်း၊ ရေတပ် လှုပ်ရှားမှုများ ပြုလုပ်ခြင်းတို့ကို လုပ်ဆောင်နေသည်။

“ အခုအချိန်ဟာ စစ်တွေက လူတွေဟာ အငတ်ငတ် အပြတ်ပြတ် ဖြစ်နေကြတာ။ ဘယ်မှသွားလို့ မရသလို အပြင်ထွက်ပြီး အလုပ်လုပ်လို့လည်း မရဘူး။ ကုန်ဈေးနှုန်းကလည်း အရမ်းဈေးကြီးနေတယ်။ စစ်တပ်က အရပ်သားတွေကို ဖမ်းဆီးတာလည်း နေ့တိုင်း ရှိနေတယ် ” ဟု စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့သည် ရခိုင်မြောက်ပိုင်းတွင် အာရက္ခတပ်တော် သိမ်းပိုက်ရန် ကျန်ရှိနေသည့် တစ်ခုတည်းသော မြို့ဖြစ်သည်။

ယင်းကြောင့် စစ်အစိုးရသည် စစ်တွေမြို့ကို ခံစစ်အခိုင်အမာလုပ်ကာ စစ်အင်အားအလုံးအရင်းနှင့် ဖြည့်တင်းကာ လက်နက်ကြီးပစ်ခတ်မှုများလည်း မကြာခဏရှိနေကြောင်း သိရသည်။

Most read this week

စစ်တွေမြို့နယ်မှ မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
August 18, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုနှုန်း...
ဓါတ်ပုံ - (ပေးပို့) ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ ရက်နေ့က ဖုံသာချောင်းဒေသ နတ်ထောင့်ကျေးရွာ မူလွန်စာသင် ကျောင်းတွင် ပညာသင်ကြားနေသည့် ကလေးငယ်များကို တွေ့ရစဉ်။
August 18, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ဖုံသာချောင်းဒေသရှိ နတ်ထောင့် (ရွာဟောင်း) ကျေးရွာတွင်...
(ပုံစာ - ၂၀၂၄ ခုနှစ်အတွင်းက တာမွေမြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့်နေရာများသို့ ကွင်းဆင်းနေကြစဉ် / ဓာတ်ပုံ - MOI)
August 17, 2026
ရန်ကုန်တိုင်းအတွင်း ကာလဝမ်းရောဂါဖြစ်သည့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူ ၂၆၀ ကျော်လာနေပြီး...
AA Info Desk (ဩဂုတ်လ ၁၁ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို လေကြောင်း တိုက်ခိုက်မှု)
August 17, 2026
စစ်အုပ်စုတပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဩဂုတ်လ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရခိုင်နှင့်...