ရခိုင်ဒေသအတွင်း ရေလမ်းခရီးသွားမည့်သူများ AA ကို အသိပေးပြီးမှသွားလာကြရန် ထုတ်ပြန်

ရခိုင်ဒေသအတွင်း ရေလမ်းခရီးသွားမည့်သူများ AA ကို အသိပေးပြီးမှသွားလာကြရန် ထုတ်ပြန်

ကျော်ချစ် — ရေလမ်းခရီးသည် ပို့ဆောင်ရေးလုပ်ငန်းပိုင်ရှင်များ၊ ရေးလမ်းခရီးသွား ပြည်သူများအနေဖြင့် သွားလာမည့်ခရီးစဉ်၊ နေ့ရက်၊ အချိန်၊ လိုက်ပါမည့်ခရီးသည်စာရင်း၊ တင်ဆောင်လာသော ပစ္စည်းစာရင်းတို့ကို AA ထံသို့ အသိပေးပြီးမှ သွားလာကြရန် နိုဝင်ဘာလ ၂၈ ရက်နေ့ရက်စွဲဖြင့် အသိပေးစာထုတ်ပြန်ထားသည်။

ပြည်သူများ တစ်စုံတစ်ရာမဖြစ်စေရေးအတွက် ပြည်သူများသွားလာသည့်အခါ Viber (+95940797942) ၊ Email ([email protected]) ၊ Skype (AA INFO DESK) တို့သို့ အသိပေးကြရန် AA က ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယခုကဲ့သို့အသိပေးရခြင်းမှာ တိုက်ပွဲကာလအတွင်း မလိုလားအပ်သောကိစ္စရပ်များ ထပ်မံမဖြစ်ပွားစေရန်၊ ရန်သူနှင့် ခရီးသည်ကို ကွဲကွဲပြားပြားသိရှိစေရန်အတွက်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)က ဆိုသည်။

“ဒီလိုထုတ်ပြန်ရတဲ့ အဓိကအကြောင်းအရင်းက ခရီးသွားပြည်သူတွေရဲ့ လုံခြုံရေးအတွက်ပဲ။ ဘာကြောင့်လဲဆိုရင် ဗမာစစ်တပ်နဲ့ သာမန်ခရီးသွားပြည်သူတွေကို ခွဲခွဲခြားခြားဖြစ်စေချင်တဲ့ အတွက်ကြောင့်မိုလို့ဖြစ်တယ်။ ဗမာစစ်တပ်ဟာ အခုဒီရက်ပိုင်းတွေမှာ စစ်လက်နက်ပစ္စည်းတွေ၊ ရိက္ခာတွေ၊ လူအင်အားတွေကို ပို့ဆောင်တဲ့အခါမှာ သူတို့ရဲ့စစ်သင်္ဘောတွေတင်မကဘူး၊ အရပ်ဖက်က ယာဉ်တွေကိုပါ သွားလာနေတာတွေရှိတယ်” ဟု AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

မြန်မာ့တပ်မတော်မှ လက်ရှိစစ်ရေးလှုပ်ရှားနေမှုများနှင့် စစ်အင်အား၊ စစ်လက်နက်ခဲယမ်းများ၊ ထပ်မံဖြည့်တင်းနေပုံကို ကြည့်ခြင်းအားဖြင့် ရခိုင်ဒေသအတွင်း၌ တိုက်ပွဲအရှိန် ဆက်လက် မြင့်မားလာမည့်ပုံပေါက်နေသည်ဟု AA က ထုတ်ပြန်ထားသည်။

“အကြောင်းကြားမှုမလုပ်ပဲ ပစ်ခတ်မှုတွေကြားထဲမှာ ထိခိုက်ဒဏ်ရာရသွားလို့ရှိရင်တော့ ပြည်သူတွေပဲ နစ်နာမှာဖြစ်တယ်။ ဒီလိုမလိုလားအပ်တဲ့ဟာတွေမဖြစ်ရအောင် ကျနော်တို့ဘက်က ပြည်သူတွေကို အသိပေး နိုးဆော်တဲ့အနေနဲ့ ထုတ်ပြန်တာဖြစ်တယ်” ဟု ခိုင်သုခက ဆိုသည်။

တပ်မတော်သင်္ဘောများသည် ကုလားတန်မြစ်၊ မေယုမြစ်၊ လေးမြို့မြစ်တို့တွင် ညအချိန်သွားလာမှုများရှိနေသဖြင့် ယင်းကြားထဲတွင် ပြည်သူများ ခရီးအတူတူသွားလာခြင်း မပြုလုပ်ရန်လည်း AA ကထုတ်ပြန်ထားသည်။

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် ရခိုင်ဒေသအနှံ့အပြားတွင် တပ်မတော်ဘက်က စစ်ဆင်ရေးများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သွားမည်ဟု ပြောဆိုထားပြီး AA ဘက်ကလည်း အကောင်းဆုံး ခုခံတိုက်ခိုက်သွားမည်ဟု ပြောဆိုထားသည်။

၂၀၂၃ ခုနှစ်အတွင်းက စစ်တွေမြို့ မြင်ကွင်း။ ဓာတ်ပုံ - DMG
May 28, 2026
ရခိုင်ပြည်တွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို...
ရခိုင်လူထုဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(RCDF)မှ အသင်းသူတစ်ဦး သွေးလှူဒါန်းနေမှုကို တွေ့ရစဉ်။ ဓာတ်ပုံ - Ko Htun Iin (ပေးပို့)
May 26, 2026
စစ်အုပ်စု၏ လေကြောင်း အန္တရာယ်နှင့် ဒေသတွင်း စက်သုံးဆီ ဈေးနှုန်းများ အဆမတန်မြင့်...
ရခိုင်ပြည်အတွင်းက ကုန်စုံဆိုင်တစ်ဆိုင်အား တွေ့ရစဥ်။ ဓာတ်ပုံ - DMG
May 26, 2026
ရခိုင်ပြည်သို့ ကုန်စည်စီးဆင်းနေသည့် မကွေးတိုင်း ဆောမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က နေရာယူ...
May 25, 2026
ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်း တိုက်ရိုက်ထိစပ်နေသည့် မကွေးတိုင်းနှင့် ချင်းပြည်တောင်ပိုင်းက...