ရခိုင်တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါ၀င်သည့်ဖိုရမ်ကျင်းပနေ

ရခိုင်တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါ၀င်သည့်ဖိုရမ်ကျင်းပနေ
by -
မဇ္ဈိမ
ရခိုင်တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သည့် လူငယ်ဖိုရမ်တစ်ခုကို ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင် ဇန်နဝါရီ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့ထိ ကျင်းပလျက်ရှိသည်။

ဖိုရမ်ကို  ရခိုင်လူမျိုးအပါအဝင်၊ မြို့၊ ဒိုင်းနက်၊ ခမီ၊ မာရမာ အစရှိသည့် တိုင်းရင်းသားမျိုးနွယ်စု ငါးခုမှ လူဦးရေ ၁၅၀ ခန့် တက်ရောက်နေခြင်းဖြစ်ပြီး ပြည်နယ်အတွင်း အဖက်ဖက်မှ နိမ့်ကျလျှက်ရှိသည့် လူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍများနှင့် မူးယစ်ဆေးဝါး၊ သဘာဝဝန်းကျင်ဆိုင်ရာ အသိပညာမြင့်မားလာစေရေး စသည့် အခန်းကဏ္ဍများကို ဦးစားပေးဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဖိုရမ်ကို ပုဏ္ဏားကျွန်းလူငယ်ဖိုရမ် PDYO မှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ဖိုရမ်နှင့်ပါတ်သက်သည့် လိုအပ်ချက်များ၊ ဆွေးနွေးမှုများ၊ လူငယ်ရေးရာအထောက်အကူပြု သင်ကြားပို့ချမှုများကို CDNH အဖွဲ့မှ ပူးပါင်းအကူအညီပေးဆောင်ရွက်နေခြင်းဖြစ်သည်။

“ဒီဖိုရမ်ကနေ ကျွန်တော်တို့အများကြီး မျှော်လင့်မထားပါဘူး။ ဒါဟာ ကျွန်တော်တို့ရဲ့ ပထမဆုံးသမိုင်းကြောင်းလည်း ဖြစ်တယ်။ အစဉ်အလာမရှိခဲ့တဲ့ ဆွေးနွေးပွဲတစ်ခုကို ပြုလုပ်တာလည်းဖြစ်တဲ့အတွက် အများကြီးမျှော်မှန်းလို့လည်းမရဘူး။ တိုင်းရင်းသားလူငယ်ထုရဲ့ပေါင်းစည်းမှုဟာ အနာဂတ်မျိုးဆက်သစ်တွေရဲ့ စံပြတစ်ခုသော်လည်းကောင်း၊ ရှေ့ဆက်လုပ် ဆောင်မဲ့ လုပ်ငန်းတွေအတွက် အားအင်တစ်ခုသော်လည်းကောင်း။ အဲလောက်ပဲ ကျွန်တော်မျှော်မှန်းပါတယ်။”ဟု ဖိုရမ် ကို ဦးဆောင်သူ ဦးသိန်းဝဏ္ဏကပြောသည်။

ယင်းဖိုရမ်ကိုကျင်းပရခြင်းမှာ အားလုံးပါဝင်သည့် ပေါင်းစည်းမှု ပုံသဏ္ဍန်ကိုဖော်ဆောင်နိုင်သော လူငယ်အင်အားထု တစ်ခုကို ရရှိလာရန်အတွက် ရည်ရွယ်ပြုလုပ်ရခြင်းဖြစ်ကြောင်းလည်း ကျင်းပသူများက ပြောသည်။

“ကျွန်တော်တို့အနေနဲ့ လာရောက်အကူအညီပေးရခြင်းက ဒီဖိုရမ်ဟာ ကျွန်တော်တို့ရဲ့မူနဲ့လည်း ကိုက်ညီတဲ့အတွက် ပူးပေါင်းခြင်းဖြစ်ပါတယ်။ သုံးရက်တာအတွင်းမှာ ဆွေးနွေးမဲ့ကဏ္ဍတွေကတော့ လူငယ်တွေနဲ့ပါတ်သက်တဲ့ မူးယစ်ဆေးဝါး၊ ပညာရေး၊ ကျန်းမာရေး၊ ငြိးမ်းချမ်းရေး၊ အလုပ်အကိုင်နဲ့ သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍခြောက်ရပ်ဖြစ်ပါတယ်။ ဒါတွေနဲ့ ပါတ်သက်ပြီးတော့ ပညာရပ်ပိုင်းဆိုင်ရာတွေကို ဒေါက်တာကျော်ရင်လှိုင်က သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။ ”ဟု Program Officer ဦးဇင်မောင်လင်းကပြောသည်။

ယင်းအပြင် တိုင်းရင်းသားမျိုးနွယ်စုဝင်များဖြစ်သည့် ခမီတိုင်းရင်းသားများကလည်း ယခုကဲ့သို့ မိမိတို့တိုင်းရင်းသားမျိုး နွယ်စုဝင် များအား အသိအမှတ်ပြု ထည့်သွင်းလာသည့်အတွက် ကျေနပ်မိကြောင်း ဖိုရမ်အတွင်း မျိုးနွယ်စုဝင်များ၏ ပညာရေးကဏ္ဍများအားလည်း ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ခမီတိုင်းရင်းသား ဦးအင်္ဂါအောင်ကပြောကြားခဲ့သည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...