ရသေ့တောင်တွင် တပ်မတော်ရေယာဉ်ကို AA က လက်နက်ကြီးဖြင့်ပစ်ခတ်

ရသေ့တောင်တွင် တပ်မတော်ရေယာဉ်ကို AA က လက်နက်ကြီးဖြင့်ပစ်ခတ်
နိုဝင်ဘာလ ၂၂ ရက်နေ့ကလည်း တပ်မတော်ရေယာဉ်အပါအဝင် ရေယာဉ် ၆ စီးကို AA က တိုက်ခိုက်ခဲ့သည်။ (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
နိုဝင်ဘာလ ၂၂ ရက်နေ့ကလည်း တပ်မတော်ရေယာဉ်အပါအဝင် ရေယာဉ် ၆ စီးကို AA က တိုက်ခိုက်ခဲ့သည်။ (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ခိုင်ရိုးလ — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မေယုမြစ်ရှိ တပ်မတော်ရေယာဉ်တစ်စီးကို နိုဝင်ဘာလ ၂၅ ရက် ညနေ ၃ နာရီကျော်ခန့်တွင် AA က ကမ်းပေါ်မှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တပ်မတော်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှုများရှိခဲ့ကြောင်း သိရသည်။

ရသေ့တောင်မြို့နှင့် တစ်မိုင်ခန့်အကွာအဝေးတွင်ရှိသည့် တပ်မတော်ရေတပ်သင်္ဘောတစ်စီးကို လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်္ဘောကို လက်နက်ကြီးထိမှန်သွားခဲ့ကြောင်း AA က ဆိုသည်။

“သင်္ဘောကိုတော့ လက်နက်ကြီးထိမှန်ခဲ့တယ်။ သင်္ဘောက မီးခိုးလုံးတွေထွက်ပြီးတော့ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်။ အဲဒီမှာရှိတဲ့ ဒေသအတွင်းရွာတွေကို လက်နက်ကြီးနဲ့ ညနေပိုင်းအထိ သူတို့ဘက်က ရမ်းသမ်းပစ်တာရှိတယ်။ ဒီသင်္ဘောပေါ်မှာ ထိခိုက်ကျဆုံးမှုတွေတော့ရှိနိုင်တယ် ” ဟု AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကပြောသည်။

ယင်းသို့ တိုက်ခိုက်မှုဖြစ်ပွားရာအနီးရှိ ပြာပင်ရင်းကျေးရွာများဘက်သို့ တပ်မတော်ရေယာဉ်မှ လက်နက်ကြီးငယ် များဖြင့် ပစ်ခတ်မှုအချို့ရှိခဲ့ပြီး  ကျေးရွာသားများမှာ ထိခိုက်မှုမရှိခဲ့ကြောင်း ပြာပင်ရင်းကျေးရွာသားတစ်ဦးက ပြောသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက မေယုမြစ်အတွင်းရပ်နားထားသည့် တပ်မတော်နေဗီရေယာဉ်တစ်စီးကို ပြာပင်ရင်းကျေးရွားအနီးမှ AA က လာရောက်ပစ်ခတ်ခဲ့ကြောင်းနှင့် ထိခိုက်မှုမရှိကြောင်း ဆိုသည်။

“နေဗီရေယာဉ်တစ်စီးက မေယုမြစ်နားမှာရပ်ထားတာကို ဒီဘက်က မြစ်အနောက်ဘက်ကမ်းက ပြာပင်ရင်းကနေ လှမ်းပစ်တာ။ ဘာမှလည်းမဖြစ်ဘူး။ ထိခိုက်မှုတွေလည်းရှိဘူး” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် ပီကောက်ဝကျေးရွာအနီး ကုလားတန်မြစ်အတွင်းတွင် တပ်မတော်ရေယာဉ်အပါအဝင် ရေယာဉ် ၆ စီးကို ရက္ခိုင့်တပ်တော်(AA)က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး တပ်မတော်ဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့သည်။

ယင်းသို့ ပစ်ခတ်ခံရမှုကြောင့် ရေယာဉ်တစ်စီး၏ ပဲ့ထိန်းခန်းမှာ လက်နက်ကြီးထိမှန်ပျက်စီးသွားခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...