AA ဖမ်းဆီးသွားသည့် ဒုရဲအုပ်မျိုးကိုကို အမှုတွင် ယာဉ်မောင်းဖြစ်သူကို အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ထား

AA ဖမ်းဆီးသွားသည့် ဒုရဲအုပ်မျိုးကိုကို အမှုတွင် ယာဉ်မောင်းဖြစ်သူကို အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ထား

ခိုင်ရိုးလ — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အပေါက်ဝနယ်မြေရဲစခန်းမှူး ဒုရဲအုပ်မျိုးကိုကိုအား ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့က ကျောက်တော်မှ စစ်တွေသို့ လိုင်းကားဖြင့်လိုက်ပါလာစဉ် ပုဏ္ဏားကျွန်းမြို့နယ် ကြံခင်းကျေးရွာအနီးတွင် AA က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ယင်းသို့ ဒုရဲအုပ်မျိုးကိုကို ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ် ပိုက်သည်ရပ်ကွက်မှ လိုင်းကားမောင်းသူ ယာဉ်မောင်းဦးထွန်းချေကို ရဲတပ်ဖွဲ့ကဖမ်းဆီးကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်ထားသည်။

ယာဉ်မောင်းဦးထွန်းချေကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က) (ခ) ၊ ၅၂(က)တို့ဖြင့် အမှုဖွင့်လှစ်ကာ ပုဏ္ဏားကျွန်းမြို့တွင် ချုပ်ရမန်ယူစစ်ဆေးလျက်ရှိကြောင်း ၎င်း၏မိသားစုဝင်များထံမှ သိရသည်။

“သူ့ကားမှာ အပေါက်ဝကတစ်ယောက် တက်လိုက်လာတယ်။ အဲဒါ တက်လိုက်လာတဲ့သူကို ကြံခင်းဘက်မှာ လူတစ်ချို့က ကားကိုတားပြီးခေါ်သွားတယ်ပြောတယ်” ဟု ယာဉ်မောင်းဦးထွန်းချေ၏ ဦးလေးဖြစ်သူ ဦးထွန်းထွန်းအောင်က ပြောသည်။

ဦးထွန်းချေမှာ လိုင်းကားမောင်းနေသူတစ်ဦးဖြစ်ပြီး မည်သည့်အဖွဲ့အစည်းနှင့်မျှ ဆက်သွယ်မှု မရှိကြောင်း မိသားစုဝင်များက ပြောဆိုကြသော်လည်း လက်ရှိတွင် ဦးထွန်းချေကို AA နှင့်ဆက်စပ်သည့် သံသယဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ပုဏ္ဏားကျွန်းမြို့မရဲစခန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိခဲ့ပေ။

၎င်းအမှုတွင် စွပ်စွဲခံရသူဦးထွန်းချေဘက်မှ တရားလွှတ်တော်ရှေ့နေ ဦးထွန်းလှက လိုက်ပါဆောင်ရွက်မည် ဖြစ်ကာ လက်ရှိတွင် ရှေ့နေပါဝါမတင်ရသေးကြောင်း သိရသည်။

“ရုံးမတင်ပဲ ရမန်ယူတုန်းအချိန်ဆိုတော့ ပုဒ်မကို အတိကျပြောမရသေးဘူး။ ၅၀(က)၊ ၅၂(က) တို့ ဆိုတာကတော့ အကြမ်းဖက်ဆိုရင်တော့ ရဲက အမှုကိုတည်ဆောက်တာကတော့ ဒီလိုပါပဲ။ ဒါပေမဲ့ တရားစွဲတင်မယ့် ပုဒ်မကိုတော့ အတိအကျပြောလို့မရသေးဘူး” ဟု ရှေ့နေ ဦးထွန်းလှကပြောသည်။

AA က ဖမ်းဆီးခဲ့သည့် အပေါက်ဝနယ်မြေရဲစခန်းမှူး ဒုရဲအုပ်မျိုးကိုကိုအပါအဝင် ရွှေနဒီအမြန်ရေယာဉ်ပေါ်မှ ဖမ်းဆီးခဲ့သူ စုစုပေါင်း ၁၇ ဦးအား ရခိုင်ပြည်နယ်အတွင်း သံသယဖြင့်ဖမ်းဆီးခံထားရသည့် အရပ်သားများနှင့် လဲလှယ်လိုကြောင်း AA ဘက်က ပြောဆိုသော်လည်း တပ်မတော်ဘက်က ယင်းသို့ လဲလှယ်မှုပြုလုပ်မည် မဟုတ်ကြောင်း ပြောဆိုထားသည်။

ဓာတ်ပုံ - AA

မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...