ငြိမ်းချမ်းရေးအတွက် အစိုးရနှင့် တပ်မတော်တို့ သည်းခံနေရကြောင်းဆို

ငြိမ်းချမ်းရေးအတွက် အစိုးရနှင့် တပ်မတော်တို့ သည်းခံနေရကြောင်းဆို

မြတ်ဝင်းကျော် — ငြိမ်းချမ်းရေးရရှိအောင် အစိုးရနှင့် တပ်မတော်တို့က သည်းခံဆောင်ရွက်နေရကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ဆိုသည်။

ယင်းအပေါ် အမြတ်မထုတ်ကြရန်လည်း ဗိုလ်ချုပ်စိုးနိုင်ဦးက ငြိမ်းချမ်းရေးရရှိအောင်ဆောင်ရွက်မှုနှင့် ပတ်သတ်ပြီး သတိပေးပြောကြားလိုက်သည်။

နေပြည်တော် တပ်မတော်စစ်သမိုင်းပြတိုက်တွင် နိုဝင်ဘာလ ၂၄ ရက်‌နေ့ နံနက်ပိုင်းအချိန်က ပြုလုပ်သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ပြောကြားလိုက်ခြင်းဖြစ်သည်။

“အစိုးရရော၊ တပ်မတော်ရော ငြိမ်းချမ်းရေးအတွက် အတော်လေး စိတ်ရှည်သည်းခံပြီး ဆောင်ရွက်နေရတယ်ဆိုတာ သိစေချင်ပါတယ်။ အဲဒီအပေါ်မှာ အမြတ်မထုတ်ဖို့တော့လိုပါတယ်”ဟု ၎င်းကဆိုသည်။

ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေခြင်းသည် အစိုးရနှင့် တပ်မတော်အတွက်မဟုတ်ဘဲ ပြည်သူများအတွက် လုပ်ဆောင်နေခြင်းဖြစ်၍ အားလုံးပါဝင်ရန်လိုအပ်ကြောင်း ဗိုလ်ချုပ်စိုးနိုင်ဦးက ဆက်၍ပြောသည်။

“ကျွန်တော်တို့ သွားနေတဲ့ဟာ ဒီမိုကရေစီဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကိစ္စကိုတော့ ပြည်သူကို ဗဟိုပြုစဉ်းစားတာ ဖြစ်တယ်”ဟု ၎င်းကဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် ငြိမ်းချမ်းရေးလိုလားချက်သည် ပြည်သူအပေါ် မည်မျှခန့် ဗဟိုပြုစဉ်းစားသည့်အပေါ်မှာသာ မိမိတို့စဉ်းစာရမည်ဖြစ်‌ကြောင်း ဆက်၍ပြောသည်။

ယင်းအပြင် NCA လက်မှတ်ရေးထိုးသောအဖွဲ့များနှင့် NRPC အဖွဲ့၊ တပ်မတော်တို့ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးမှု အဆင်ပြေခဲ့ကြောင်း၊ မကြာခင် JICM အစည်းအဝေးများ ပြန်လည်ကျင်းပနိုင်ရန် ဆောင်ရွက်နေပြီး ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကိုလည်း ကျင်းပနိုင်ရန် ဆောင်ရွက်နေကြောင်းလည်း ဗိုလ်ချုပ်စိုးနိုင်ဦး၏ ပြောကြားချက်အရ သိရသည်။

မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...