ကရင်ပြည်နယ်တွင် မိုင်းရှင်းလင်းရေးထိရောက်စွာလုပ်ဆောင်ရန် ဘတ်ဂျတ်များလိုအပ်ဟုဆို

ကရင်ပြည်နယ်တွင် မိုင်းရှင်းလင်းရေးထိရောက်စွာလုပ်ဆောင်ရန် ဘတ်ဂျတ်များလိုအပ်ဟုဆို
by -
မဇ္ဈိမ
ကရင်ပြည်နယ်တစ်ခုလုံးတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ရန် ဘတ်ဂျက်များစွာ လိုအပ်နေကြောင်း ကရင်ပြည်နယ် လုံခြံုရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်လွင်က မဇျွိမသို့ ပြောသည်။

ကရင်ပြည်နယ်တွင် မိုင်းရှင်းလင်းရေးများနှင့် ပတ်သက်ပြီး မေးမြန်းစဉ် “ ဘယ်နေရာမဆို ဘာပဲလုပ်လုပ် ဘတ်ဂျက်ကတော့ လိုမှာပဲလေ။ ဒါတွေထိထိရောက်ရောက်လုပ်ဖို့အတွက်ဆိုရင်တော့ ဘတ်ဂျက်တွေ အများကြီးလိုပါတယ်။ ဒီထဲမှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြစ်တဲ့အတွက်ကို နိုင်ငံတကာက အထောက်အပံ့လုပ်ငန်းတွေပေါ့။ UNPP ကနေပြီးတော့ ထောက်ပံ့မယ့်လုပ်ငန်းတွေ အဆိုပြုထားတာတွေရှိပါတယ်။လက်ရှိလည်း ကူညီပေးပါတယ်” ဟု ၄င်းကပြောဆိုသည်။

လတ်တလောအနေဖြင့် မိုင်းရှိသည့်နေရာအားလုံးတွင် ရှင်းလင်းရေးမပြုလုပ်နိုင်သေးသော်လည်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ နယ်မြေ ခေါ့ပုပ်လမ်းကြောင်း၊ တပ်မဟာ ၃နယ်မြေ နှင့် မဲသဝေါဒေသတို့တွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီးဗိုလ်မှူးကြီး အောင်လွင်က “ ဒါတွေမှာ သူတို့ဘက်ကလည်း မိုင်းရှင်းပြီးပါပြီ။ ကျွန်တော်တို့ တပ်ဘက်ကလည်း မိုင်းတွေရှင်းထားတာ ရှိပါတယ် ဆက်ပြီးတော့လည်း ရှင်းလင်းရေးကိုဆောင်ရွက်မှာဖြစ်ပါတယ်” ဟုပြောဆိုသည်။

ကရင်ပြည်နယ်အစိုးရအနေဖြင့် လူနေထူထပ်ပြီး ဘုရားဖူးများလာရောက်တတ်သည့်နေရာမျိုး တွင် မိုင်းရှင်းလင်းရေး လုပ်ငန်းများဦး စားပေး လုပ်ဆောင်ရန် ပြောကြားထားကြောင်းသိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က “ မိုင်းရှင်းလင်းရေးဆိုတာ နိုင်ငံတကာက ကူညီမှရတာဖြစ်တဲ့အတွက် အန်တီတို့ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရနဲ့ ဖြစ်ဖြစ် အခုအဓိကကျတဲ့ လူနေမှုများတဲ့နေရာ ထူထပ်တဲ့နေရာ အဲ့လိုမျိုးနေရာတွေမှာ စပြီးတော့ ကူညီနေကြ တာရှိပါတယ်။ ဥပမာဆိုရင် ကျံုထော် လှိုင်းဘွဲ့မြို့နယ်မျိုးပေါ့။ လူတွေဘာတွေသွားတဲ့နေရာ ဒီလိုနေရာမျိုး ဘုရားဖူးတွ အလာများတဲ့ နေရာတွေမှာ စပြီးတော့ အန်တီတို့ဘက်က ပြောထားပါတယ်” ဟု ပြောဆိုသည်။

လက်ရှိတွင် မြေပြုမိုင်းနှင့်ပတ်သက်ပြီး ကရင်ပြည်နယ်တွင် ပညာပေးလုပ်ငန်းများကို အတိုင်းအတာတစ်ခုထိ လုပ်ဆောင်ပြီးနေပြီး မိုင်းရှင်းလင်းလုပ်ဆောင်မည့်အဖွဲ့များ ကွင်းဆင်း   လေ့လာနေပြီဖြစ်ကြောင်း  ကရင်ပြည်နယ်ဝန်ကြီးချုပ်က ပြောထားသည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ၀ဏ္ဏအောင်က အပစ်ရပ်လက်မှတ်ထိုးထားတဲ့နေရာတွေမှာ မိုင်းရှင်းလင်းရန် ဘတ်ဂျက်မရှိသေးဘူးဟု ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်းပြုလုပ်ခဲ့တဲ့ JMC-U အစည်းအဝေးတွင် ပြောဆိုထားသည်။

မိုင်းရှင်းလင်းရေးအတွက် ဘတ်ဂျက်ရရှိပါက ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းတွင် စတင်ရှင်းလင်းသွားမည် ဟုလည်းသိရသည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...