မွန်ပြည်နယ်ဝန်ကြီးချုပ်ကို အရေးယူသွားမည်

မွန်ပြည်နယ်ဝန်ကြီးချုပ်ကို အရေးယူသွားမည်
by -
မဇ္ဈိမ
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးအား တိုင်စာပါအချက်အလက်များနှင့် ငြိစွန်းမှုများရှိနေကြောင်း စစ်ဆေးတွေ့ရှိရပြီး ပါတီ၏ ဗဟိုကော်မတီသို့ ဆက်လက်တင်ပြထားကာ မကြာမီအချိန်အတွင်း အစိုးရဘက်က အရေးယူမှုများ ပြုလုပ်သွားဖွယ်ရှိနေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက မဇ္စျိမသို့ ပြောသည်။

"ကျွန်တော်တို့ စုံစမ်းရေးဖက်ကတော့ စိစစ်တာ၊ စုံစမ်းတာတွေ ပြီးလို့ သက်ဆိုင်ရာကို တင်ပို့ပြီးပါပြီ။ သူ့ကို (မွန်ပြည်နယ်ဝန်ကြီးချုပ်) တိုင်ကြားထားတာတွေထဲက၊ အကုန်လုံးမဟုတ်ပေမယ့် မှန်ကန်ကြောင်းတွေ တွေ့ရှိရပါတယ်။ သူ့မှာ အပြစ်ရှိတယ်ဆိုတာ တွေ့ရှိရပါတယ်။ သူ့ကို ဝန်ကြီးချုပ်ရာထူးကနေ အရေးယူတာနဲ့ဘယ်လိုအရေးယူမလဲဆိုတာကြတော့၊ အစိုးရအဖွဲ့ နဲ့ပဲ သက်ဆိုင်ပါတယ်" ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးမင်းမင်းဦးကို ၀န်ကြီးချုပ်တစ်ယောက်၏ စွမ်းဆောင်ရည်နှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေက ပါတီ၏ ဗဟိုကော်မတီသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်ဟု   ကောလဟာလများ ထွက်ပေါ်ခဲ့သည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး မွန်ပြည်နယ် ၀န်ကြီးချုပ်ဆီ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေဆိုခဲ့ခြင်း မရှိခဲ့ပါ။

၂၀၁၅ ရွေးကောက်ပွဲ NLD မှ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ ရွေးချယ်သည့်နေရာတွင် အချိန်မလုံလောက်မှုကြောင့် ကျေကျေနပ်နပ်မရွေးချယ်နိုင်ခဲ့ဘဲ ယခုလိုအမှားမျိုးဖြစ်လာသည်ဟု ဦးဉာဏ်ဝင်းက မဇ္စျိမသို့ ဇန်နဝါရီ ၉ ရက်နေ့က ပြောဆိုထားသည်။

“ကျွန်တော်တို့ ရွေးကောက်ပွဲဝင်တယ်နော်။ ၂၀၁၅ ရွေးကောက်ပွဲဝင်တည်းကိုက စီစစ်တာကိုက အစအချိန်မရဘူး။ အချိန်နည်းတဲ့အခါမှာ ကျေကျေနပ်နပ်ကြီအကုန် မစီစစ်နိုင်ဘူး။ ဒီလိုအမှားမျိုးတွေ၊ ဒီလိုလူမျိုးတွေ ပါလာမယ် ဆိုတာကိုလည်း မျှော်မှန်းထားပါတယ်။ အဲ့တော့ ပါလာရင်လည်း ပါလာသလို သန့်ရှင်းအောင်လုပ်ရမှာပေါ့ ” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

အဆိုပါ မွန်ပြည်နယ်ဝန်ကြီးချုပ်ကို စစ်ဆေးထားသည့် တွေ့ရှိချက်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီသို့ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်က ပေးပို့ထားပြီး   နိုင်ငံတော်အတိုင်ပင်ခံရုံးသို့လည်း တင်ပြထားကြောင်းသိရသည်။

မွန်ပြည်နယ်နှင့် တနင်္သာရီဒေသကြီးအတွင်းမှ တိုင်ကြားစာများ ရောက်ရှိလာသည့်အတွက် အဆိုပါတိုင်စာများ မှန်၊ မမှန် စစ်ဆေးရန် လေ့လာသုံးသပ်ရေးအဖွဲ့ကို နိုဝင်ဘာလ ၂၈ ရက်တွင် ဖွဲ့စည်းခဲ့ပြီး အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဉာဏ်ဝင်း၊ အဖွဲ့ဝင်အဖြစ် ဒေါက်တာမျိုးညွန့်နှင့် ဦးကျော်ဟိုးတို့ ပါဝင်သည်။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...