တိုက်ပွဲအတွင်း လက်နက်ချအညံ့ခံသော တပ်အရာရှိနှစ်ဦးအပါအဝင် ၁၃ ဦး ဖမ်းဆီးရမိကြောင်း AA ထုတ်ပြန်

တိုက်ပွဲအတွင်း လက်နက်ချအညံ့ခံသော တပ်အရာရှိနှစ်ဦးအပါအဝင် ၁၃ ဦး ဖမ်းဆီးရမိကြောင်း AA ထုတ်ပြန်

ကျော်ချစ် — ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း နိုဝင်ဘာလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ ကျဆုံးသူ ၉ ဦးရှိကြောင်းနှင့် လက်နက်ချ အညံ့ခံသော ဗိုလ်တစ်ဦး၊ အရာခံ ဗိုလ်တစ်ဦးအပါအဝင် စုစုပေါင်း ၁၃ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်ထားသည်။

တပ်မတော်၏ တပ်မ(၇၇)လက်အောက်ခံ မှော်ဘီအခြေစိုက် ခမရ(၃၁၃)တပ်ရင်းနှင့် AA တို့ ပလက်ဝမြို့နယ်၊ ကာမချောင်း(ဒေသအခေါ်-ကာရမချောင်း) အနောက်ဖက်ရှိ တောင်တန်းပေါ်၌ တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် တပ်မတော်မှ ဗိုလ်တစ်ဦး၊ အရာခံဗိုလ်တစ်ဦးအပါအဝင် ၁၃ ဦးကိုဖမ်းဆီးရမိခဲ့ပြီး ခန့်မှန်းခြေ သေနတ် ၁၃ လက်နှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ကစဉ့်ကလျားထွက်ပြေးနေသည့် ရန်သူအား ရက္ခိုင့်တပ်တော်မှ လိုက်လံချေမှုန်းတိုက်ခိုက်ရာ ညနေ(၅) နာရီ(၁၅)မိနစ်တွင် နာရီဝက်ခန့် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့သည်။ အထိအခိုက်အကျအဆုံးကို မသိရသေးပါ” ဟု AA က ထုတ်ပြန်သည်။

ယခုကဲ့သို့ AA ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး တပ်မတော်ကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ထို့ပြင် ရခိုင်ပြည်နယ် မြေပုံမြို့နယ် အင်ကြင်းရွာနှင့် ဟင်းခရော်ရွာအကြားတွင်လည်း နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီကျော်အချိန်က စစ်လက်နက်နှင့် လူအင်အားဖြည့်တင်းနေသည့် စစ်ကား(၁၁)စီးပါ ယာဉ်တန်းအား AA က ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ တပ်မတော်ဘက်မှ ကျဆုံးသူ ၁၀ ဦးအထက် ရှိခဲ့ကြောင်းလည်း AA ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ တိုက်ပွဲမဖြစ်ပွားမီကတည်းက ရွာသာယာကျေးရွာ မြောက်ဘက်နှင့် ယောချောင်းတစ်လျှောက်အား တပ်မတော်က ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနှင့် နံနက် ၁၁ နာရီကျော်အချိန်မှ ညနေ ၅ နာရီကျော်အချိန်ထိ ရဟတ်ယာဉ်ဖြင့် (၅) ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့ကြောင်း AA ကဆိုသည်။

၎င်းကျေးရွာများအနီးတွင် တိုက်ပွဲဖြစ်ပွားသံများကြားရပြီးနောက် တပ်မတော်က ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း မျက်မြင်ဒေသခံကျေးရွာသားများက ပြောသည်။

မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...