မာန်အောင်မြို့နယ်အုပ်ချုပ်ရေးမှူး၏ လေယာဉ်ကွင်း လျော်ကြေးငွေ လက်မခံသူ မြေပိုင်ရှင်များ တရားစွဲခံရ

မာန်အောင်မြို့နယ်အုပ်ချုပ်ရေးမှူး၏ လေယာဉ်ကွင်း လျော်ကြေးငွေ လက်မခံသူ မြေပိုင်ရှင်များ တရားစွဲခံရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မာန်အောင်မြို့ လေယာဉ်ကွင်း ဆောက်လုပ်ရာတွင် ပါ၀င်သွားသော ဒေသခံများ၏ မြေများ အတွက် မာန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူးထံမှ ထုတ်ပေးသော လျော်ကြေးငွေများကို လက်မခံသဖြင့် မြေပိုင်ရှင်များမှာ တရားစွဲဆိုခံထားရပြီး တရားရုံးတွင် အမှုှု ရင်ဆိုင်နေရသည်ဟု သိရသည်။

၎င်းမြေပိုင်ရှင်များအား မာန်အောင်မြို့နယ် မြေစာရင်းဦးစီးမှူး ဦးစောရွှေမောင်မှ တရားလိုလုပ်ပြီး စွဲဆိုခြင်း ဖြစ်ကြောင်း ဦးတင်နု၏ ဇနီးဖြစ်သူ ဒေါ်မချေက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“အခု သူတို့ပေးတဲ့ တန်ဖိုးနည်း လျော်ငွေကြေးကို လက်မခံလို့ အဒေါ်တို့ကို လယ်ယာမြေမှာ ကျူးကျော်အိမ်ဆောက်တယ်ဆိုပြီးတော့ တရားစွဲခံထားရပါတယ်။ ၂၀၁၆ ခုနှစ် ဧပြီလကတည်းက တရားရုံးမှာ အမှုကို ရင်ဆိုင်နေရပါတယ်”ဟု ပြောသည်။

မာန်အောင်လေယာဉ်ကွင်း ဆောက်လုပ်ရာတွင် ပါသွားသည့် အိမ်ခြံမြေ ဒသမ ၄၉ ဧကနှင့် ဥယျာဉ်ခြံမြေ ဒသမ ၄၅ အတွက် မြို့နယ် အုပ်ချုပ်ရေးမှူးက လျော်ကြေးငွေ ၈၂ သိန်းကျပ်ပေးကြောင်း၊ လက်ရှိပေါက်စျေးအတိုင်း ဆိုလျှင် ကျပ်သိန်း ထောင်ချီတန်ဖိုးရှိသဖြင့် လက်ရှိ ပေါက်စျေးအတိုင်း ရလိုသည်ဟု သူမက ပြောဆိုသည်။

ကိုယ်ပိုင်မြေ အသိမ်းခံထားရပြီး လျော်ကြေးငွေ မယူသဖြင့် တရားစွဲဆိုခံထားရသူများမှာ ဦးတင်နု၊ ဦးဖြူသီးခိုင်နှင့် ဦးသာနီတို့ဖြစ်ကြောင်း သိရသည်။

ယင်းလေယာဉ်ကွင်းဆောက်လုပ်ရာတွင် မြေယာပါသွားသူ ၂၀ ကျော်ရှိသော်လည်း ၃ ဦးသာ လျော်ကြေးနည်း၍ လက်မခံသဖြင့် ယင်းသုံးဦးကို တရားစွဲဆိုခြင်းဖြစ်ကြောင်း သိရသည်။

လျော်ကြေးလက်ခံသူများ၏ ပိုင်မြေများသည် အိမ်ခြံမြေများမဟုတ်ဘဲ လယ်ယာမြေနှင့် ဥယျာဉ်ခြံမြေများသာ ဖြစ်သည်ဟု တရားစွဲဆိုခံထားရသူများက ပြောသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...