ဟိုတယ် ကျောက်ဖြူတွင် ဇန်နဝါရီ ၁၇ ရက် နံနက် ၉ နာရီခန့်က ရင်းနှီးမြုပ်နှံမှု၊ သယံဇာတနှင့် ဒေသဖွံ့ဖြိုးရေး အကြောင်းကို ကျောက်ဖြူ ဒေသခံတို့နှင့် ဆွေးနွေးစဉ် ကျောက်ဖြူ ကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းမှ ညှိနှိုင်းရေးမှူး တစ်ဦးဖြစ်သူ ဒေါ်ကြည်ကြည်နှင်းက ထိုသို့ တင်ပြဆွေးနွေးခဲ့့ခြင်း ဖြစ်ကြောင်း သိရသည်။
ဒေါ်ကြည်ကြည်နှင်းက ‘‘ သူတို့ပေးထားတဲ့ ခေါင်းစဉ်အပေါ်မှာပဲ ဆွေးနွေးခဲ့ရတာ ဖြစ်ပါတယ်။ ကျမကတော့ ရခိုင့် သယံဇာတကို ရခိုင်လူမျိုးများမှ အကျိုးခံစားခွင့်ရရှိရေးအကြောင်းကို ဆွေးနွေးတင်ပြခဲ့တယ်။ ရခိုင့် သယံဇာတကို ရခိုင်တို့ ပိုင်ဆိုင်စီမံခွင့် ရရှိဖို့နဲ့ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးတို့ကိိုဆွေးနွေးခဲ့တယ််။ လက်ရှိ စီမံကိန်းကြီးတွေကြောင့် ဒေသခံတွေဟာ အကျိုးမခံစားရတဲ့ အပြင် ဆိုးကျိုးသာ ကြံုနေရတယ်။ လက်ရှိ စီမံကိန်းတွေကြောင့် ဖြစ်နေတဲ့ ပြသနာတွေကို မဖြေရှင်း နိုင်သေးခင်မှာ နောက်ထပ် စီမံကိန်းတွေကို ရပ်ဆိုင်းထားဖို့လိုတယ်။ တရား ဥပဒေ စိုးမိုးရေးနဲ့ ဒေသခံတွေ အကျိုးရှိမယ့် ဥပဒေတွေ ရှိလာတဲ့အချိန်နဲ့ ဒေသခံတွေကို အကာအကွယ် ပေးထားတဲ့ ဥပဒေ ရှိလာချိန်ကျမှသာ စီမံကိန်းတွေကို ဆက်လုပ်ဖို့ အဖွဲ့ကိုယ်စားတင်ပြခဲ့တယ်’’ဟုပြောသည်။
၎င်းဆွေးနွေးပွဲသို့ ကျောက်ဖြူ အရပ်ဘက်အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ လုပ်ငန်းရှင်နဲ့ အရပ်ဘက်အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အုပ်စု(၄)ခု ခွဲကာ ခေါင်းစဉ် ၄ ခုကို ဆွေးနွေးခဲ့ကြသည်။ ခေါင်းစဉ် ၄ ခုမှာ
၁။ ပြည်နယ်တွင်း ရင်းနှီးမြှုပ်နှံမှုများနှင့် ဖွံ့ဖြိုးရေး ပရောဂျက်များက ရခိုင်ပြည်နယ်ရှိ နေထိုင်သူများအား မည်ကဲ့သို့သော အလုပ်အကိုင်များကို ဖန်တီးပေးနိုင်သနည်း။ ထိုအလုပ် အကိုင်များကို လုပ်ကိုင်နိုင်ရန်အတွက် လိုအပ်သည့် ကျွမ်းကျင်မှု (Skills)များကို ဒေသခံများမှ ရရှိစေရန် မည်ကဲ့သို့ ဆောင်ရွက်သင့်ပါသလဲ။
၂။ ရခိုင်ပြည်တွင်ပေါများလှသည့် သယံဇာတပစ္စည်းများကို ရခိုင်လူမျိုးများမှ အကျိုး ခံစားခွင့် ရရှိစေရန် မည်ကဲ့သို့ ဆောင်ရွက်ရမည်နည်း။
၃။ ပြည်နယ်၏အနာဂါတ်ကိုအကျိုးသက်ရောက်မှုရှိစေမည့် မူဝါဒပေါ်လာစေရန် ရခိုင်ပြည် သူများမှ မည်ကဲ့သို့ ပါ၀င် ဆောင်ရွက် နိုင်ပါသလဲ။
၄။ နိုင်ငံတကာအဖွဲ့အစည်းများမှ ဖွံ့ဖြိုးရေးစီမံကိန်းများဆောင်ရွက်ရာတွင် ဘာကိို ဦးစားပေး လုပ်ရမည်နည်း တို့ ဖြစ်ကြကြောင်း သိရှိရသည်။
ကော်မရှင်အဖွဲ့သည် နေ့လယ်ပိုင်းတွင် ဌာနဆိုင်ရာများနှင့်တွေ့ဆုံခဲ့ပြီး ညနေပိုင်းတွင် မြို့မိမြို့များ၊ နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။
ကော်မရှင်အဖွဲ့ဝင် ၉ ဦးရှိသည်အနက် နိုင်ငံခြားသားတစ်ဦး အပါအဝင် ဦးခင်မောင်အေး၊ ဦးဝင်းမြ၊ ဒေါ်စောခင်တင့်၊ ဒေါက်တာမြသီတာ၊ ဦးအေးလွင်၊ ဒေါက်တာ သာလှရွှေတို့ (၇)ဦး ရောက်ရှိလာသည်။
ထိုအဖွဲ့သည် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ကျောက်ဖြူမြိုု့၊ ကျောက်တစ်လုံး ဘင်္ဂလီ ကယ်ဆယ်ရေး စခန်းနှင့် ရမ်းဗြဲမြို့နယ်သို့လည်း သွားရောက်ခဲ့သည်ဟု သတင်းရရှိသည်။







