အေအေမှလွှတ်ပေးပြီး ဘူးသီးတောင်တွင် စစ်ဆေးခံနေရသူတစ်ဦး ကျန်းမာရေးမကောင်းသဖြင့် ဆေးရုံတင်ရ

အေအေမှလွှတ်ပေးပြီး ဘူးသီးတောင်တွင် စစ်ဆေးခံနေရသူတစ်ဦး ကျန်းမာရေးမကောင်းသဖြင့် ဆေးရုံတင်ရ
by -
ချလူးအောင်

အေအေမှပြန်လွှတ်ပေးလိုက်သော ရွှေနဒီဖြစ်စဉ်မှ အရပ်သား ၂၅ ဦးထဲတွင် ဘူးသီးတောင်မြို့နယ် အမှတ်(၃) နယ်ခြားစောင့်ရဲစခန်း၌ စစ်ဆေးမှုခံနေရသူတစ်ဦး ကျန်းမာရေးမကောင်းသဖြင့် ယနေ့နိုဝင်ဘာလ ၆ ရက် နေ့လည် ၁၂ နာရီကျော်အချိန်တွင် ဆေးကုသမှုခံယူရန် ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း သိရသည်။

ထိုသို့ ဆေးရုံတင်လိုက်ရသူမှာ ဦးထွန်းရွှေ ၃၂ နှစ်ဖြစ်ပြီး ၎င်းမှာ ဘူးသီးတောင်မြို့နယ် ကံပြင်မူ(လွန်) ကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းဆရာတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

“အခုဆေးရုံတင်လိုက်ရတယ်။ သူက အစကတည်းက နေမကောင်းဘူးလို့သိရတယ်။ စစ်ဆေးလို့ကတော့ အခုထိ မပြီးနိုင်သေးဘူး” ဟု ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့က စစ်တွေ-ဘူးသီးတောင် ရွှေနဒီအမြန်ရေယာဉ်ကို တားဆီးကာ အေအေက ဖမ်းဆီးခေါ်ဆောင်ခဲ့သည့် အရပ်သား ၂၅ ဦးကို မနေ့က နိုဝင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။

ယင်းသို့လွှတ်မြောက်လာသူများထဲမှ ၂၁ ဦးကို ဘူးသီးတောင်မြို့နယ် အမှတ်(၃) နယ်ခြားစောင့် ရဲစခန်းတွင် မနေ့က နေ့လည် ၂ နာရီကျော်အချိန်ကနေ စစ်ဆေးရန်ခေါ်ယူသွားခဲ့ပြီး ယနေ့နိုဝင်ဘာလ ၆ ရက်နေ့ နေ့လည်ပိုင်းအချိန်ထိ စစ်ဆေးမှုမပြီးပြတ်သေးကြောင်း သိရသည်။

စစ်ဆေးမှုခံယူနေရသူများထဲမှ ကျောင်းဆရာ ဦးထွန်းရွှေကို နေမကောင်းသဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့ရပြီး ၎င်းသည် ယခင်ကတည်းကနေမကောင်း၍ စစ်တွေတွင် ဆေးသွားကုပြီးအပြန်တွင် ရွှေနဒီပေါ်၌ ဖမ်းဆီး ခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

“သူက နေမကောင်းဖြစ်နေတာ ကြာပါပြီ။ စစ်တွေမှာဆေးသွားကုလို့ အပြန်မှာ အခုလိုအဖမ်းခံခဲ့ရတာပါ။ အခုဆိုရင် ၁၀ ရက်အကြာမှ ပြန်လွတ်လာတာဆိုတော့ ဆေးတွေလည်း သောက်ရမယ်မထင်ဘူး။ တအား ပင်ပန်းနေတဲ့ကြားက အခုလို နေ့ရောညပါ စစ်ဆေးနေတယ်ဆိုတော့ ကျန်မာရေးပိုဆိုးသွားတာဖြစ်မယ်” ဟု ဦးအထွန်းချေ၏ အဒေါ်ဖြစ်သူ ဒေါ်အေးခင်က ပြောသည်။

အေအေမှဖမ်းဆီးပြီး ပြန်လွှတ်ပေးလိုက်သည့် အရပ်သား ၂၅ ဦးထဲတွင် ရသေ့တောင်မြို့နယ်မှ ၂ ဦး၊ ပြည်နယ် လွှတ်တော်မှ ယာဉ်မောင်းဝန်ထမ်း ၁ ဦး၊ ဘူးသီးတောင်မြို့နယ် ငလှမ်းပြင်ကျေးရွာသား ၁ ဦးတို့မှာ ၎င်းတို့အစီ အစဉ်ဖြင့် နေရပ်ပြန်သွားကြပြီး ကျန် ၂၁ ဦးအား ဘူးသီးတောင်မြို့နယ် နယ်ခြားစောင့်ရဲစခန်းတွင် စစ်ဆေးမေးမြန်းလျက်ရှိနေသည်။

ယနေ့နိုဝင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းကလည်း အေအေမှလွှတ်ပေးလိုက်သည့် ရသေ့တောင်မြို့နယ် ဒေသခံ ဦးကျော်ဌေးကို စစ်တွေမြို့သို့ခေါ်ယူပြီး အမှတ်(၁) နယ်မြေရဲစခန်းတွင် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...