ပြည်နယ်ဘတ်ဂျက်ခွဲဝေမှု လိုအပ်ချက်များစွာရှိဟု မွန်စာပေယဉ်ကျေးမှု အဖွဲ့ပြော

ပြည်နယ်ဘတ်ဂျက်ခွဲဝေမှု လိုအပ်ချက်များစွာရှိဟု မွန်စာပေယဉ်ကျေးမှု အဖွဲ့ပြော

ပြည်နယ်အစိုးရ အနေဖြင့် တိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်ရန်အတွက် ဘတ်ဂျက်ခွဲဝေရာတွင် လိုအပ်ချက် များစွာရှိနေသည်ဟု မွန်စာပေနှင့် ယဉ် ကျေးမှု ကော် မတီ ဥက္ကဋ္ဌ က ဝေဖန်လိုက်သည်။

မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဌ ဒေါက်တာမင်းကြည်ဝင်း က “မွန်ပြည်နယ်မှာ လူဦးရေအများ ဆုံး တည်ရှိနေတဲ့ မွန်တိုင်းရင်းသားတို့ရဲ့ စာပေနဲ့ ယဉ်ကျေးမှုကို အလေးထား တဲ့အနေနဲ့ ဘတ်ဂျက်ခွဲ ဝေရာ တွင် လည်း လူဦးရေနဲ့ လုပ်ဆောင်ချက်အပေါ် မူတည်ခွဲဝေပေးသင့်တယ်” ဟုပြော သည်။

လက်ရှိတွင် မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရောက်ရန် ကျပ်သန်း ၄၀၀ သုံးစွဲရန် လျာထားရာတွင် မွန်တိုင်းရင်းသားအတွက် ကျပ်သန်း ၁၀၀၊ ဗမာအတွက် ကျပ်သန်း ၁၀၀၊ ကရင်အတွက် ကျပ်သန်း ၁၀၀ နှင့် ပအိုဝ်းအတွက် ကျပ်သန်း ၁၀၀ တို့ဖြစ်သည်။

စာပေနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန် အတွက် ဘတ်ဂျက်ချမှတ်ပေးရာတွင် ပြည်နယ်အတွင်းရှိ လူဦးရေ အနည်းအများအပေါ် မူတည်ပြီး ဘတ် ဂျက်များကို ခွဲဝေပေးသင့်ကြောင်း မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီက ပြောသည်။

မွန်ပြည်နယ်အစိုးရ၏ ၂၀၁၉-၂၀၂၀ ရသုံးခန့်မှန်းခြေငွေစာရင်း ဆိုင်ရာအချက်အလက်များ (Citizen’s Budge) တွင် မွန်ပြည်နယ်အတွင်းရှိ မွန်၊ ဗမာ၊ ကရင်နှင့် ပအိုဝ်းတိုင်း ရင်းသားများအတွက် ၎င်းတို့၏ စာပေနှင့် ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့် ရှောက်ရန်အတွက် ကျပ်သန်း ၄၀၀ သုံးစွဲရန် လျာထားကြောင်း ပါရှိသည်။

“၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်မှာ လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေး လျှပ်စစ်မီးရရှိရေး၊ မြို့ ပြဖွံ့ဖြိုး တိုးတက်ရေး ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်စေရေး သန့်ရှင်းသောသောက်သုံးရေရရှိရေးနဲ့ သဘာဝဘေး အန္တရာယ် ကာကွယ်ရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က ပြောသည်။

ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဘဏ္ဍာငွေစီမံခန့်ခွဲရာတွင် ပြည်နယ်အတွက် အမှန်တကယ်အကျိုးဖြစ်ထွန်းရန် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် လူနေမှုအဆင့်အတန်းမြင့်မားလာစေရန် ပြည်သူလူထု၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာငွေများကို စနစ်တကျ ခွဲဝေသုံးစွဲ လျက်ရှိသည်ဟုလည်း ဝန်ကြီးချုပ်က ပြောသည်။

မွန်ပြည်နယ်အစိုးရအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးဆောင်ရွက်သည့်လုပ်ငန်း ၁၄ ခု ချ မှတ်ထားပြီး ၎င်းတွင် (၁) လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေး၊ (၂) လျှပ်စစ်မီးရရှိရေး၊ (၃) မြို့ပြဖွံ့ဖြိုး တိုး တက်ရေး၊ (၄) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အစရှိသည်တို့ ပါဝင်သည်။

September 1, 2026
ရခိုင်ပြည် တောင်ပိုင်းရှိ တောင်ကုတ်၊ သံတွဲနှင့် ဂွ မြို့နယ် သုံးခုသို့ စစ်တပ်က...
ဓာတ်ပုံ - APF/ ပုံဟောင်း
September 1, 2026
တနင်္သာရီတိုင်းအတွင်း လက်လွှတ်လိုက်ရသည့် ဆုံးရှုံးနယ်မြေများနှင့် မဟာဗျူဟာကျသည့် ထားဝယ် ရေနက်...
ဓါတ်ပုံ - (AAPP / ၂၀၂၆ ခုနှစ် ရေမွန်မက်ဂ်ဆေးဆေးဆု ရရှိသူ AAPP ပူးတွဲတည်ထောင်သူ ဦးဘိုကြည်)
August 31, 2026
အာရှ၏ နိုဘယ်လ်ဆုဟု တင်စားကြသည့် ၂၀၂၆ ခုနှစ် ရေမွန်မက်ဂ်ဆေးဆေးဆု (Ramon Magsaysay Award) ကို...
ဓာတ်ပုံ - (ဘန်ကောက်သို့ သွားရောက် အလုပ်လုပ်ကိုက်ကြမည့် ကရင်နီစစ်ရှောင်လူငယ်များ / Refugee man)
August 31, 2026
စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်အတွင်း ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ခန့် ပြည်ပသို့ ထွက်ခွာသွားခဲ့ရာ...