ဖမ်းဆီးခံထားရသော လွှတ်တော်ကိုယ်စားလှယ်အပါအဝင် ချင်းတိုင်းရင်းသားများကို လွှတ်ပေးရန်တောင်းဆို

ဖမ်းဆီးခံထားရသော လွှတ်တော်ကိုယ်စားလှယ်အပါအဝင် ချင်းတိုင်းရင်းသားများကို လွှတ်ပေးရန်တောင်းဆို
by -
မြတ်ဝင်းကျော်

ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးထားသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အပါအဝင် ချင်းတိုင်းရင်းသား များကို ပြန်လွှတ်ပေးရန် ချင်းနိုင်ငံရေးပါတီနှင့် အရပ်ဖက်အဖွဲ့အစည်းများက အောက်တိုဘာ ၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

နိုဝင်ဘာလ ၃ ရက်နေ့က NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းနှင့် အိန္ဒိယနိုင်ငံသားများ စုစုပေါင်း ၁၀ ဦးတို့ကို AA က စစ်ဆေးရန်ခေါ်ဆောင်သွားပြီး နိုဝင်ဘာ ၄ ရက်နေ့တွင် ၉ ဦးကို ပြန်လွှတ်ပေးလိုက်ကာ လွှတ်တော်ကိုယ်စားလှယ်ဦးဝှေ့တင်းအား လုံခြုံရေးအရ ဆက်လက်စစ်ဆေးရန် အေအေကထိန်းသိမ်းထားသည်။

ဦးဝှေ့တင်းဟာ အေအေအပေါ် မတရားစွပ်စွဲတာတွေရှိတယ်လို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။

“ဦးဝှေ့တင်းဟာ ကျနော်တို့ရက္ခိုင့်တပ်တော်ကို မတရားစွပ်စွဲ၊ အပုပ်ချတာတွေကို ဗမာစစ်တပ်နဲ့ပေါင်းပြီးတော့မှ တောက်လျှောက် လုပ်နေတာဖြစ်တယ်။ တော်လှန်ရေးကာလမှာ ကျနော်တို့ အဖက်ဖက်က အခက်အခဲ၊ အကျပ်အတည်းတွေနဲ့ ရုန်းကန်နေရတဲ့ကာလမှာ ကျနော်တို့ကို နိုင်ငံရေးအရ သိက္ခာချဖို့ ကြိုးစားတဲ့အထဲမှာ ဒီလူဟာ ထိပ်ဆုံးကပါတယ်” ဟု ၎င်းကဆိုသည်။

ဦးဝှေ့တင်းနှင့် ယခင်က ပျောက်ဆုံးလျက်ရှိသောလူများအား အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ခူမီးလူငယ်များနှင့် ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီတို့က ထုတ်ပြန်ထားကြသည်။

ထို့အပြင် “ညီနောင်တိုင်းရင်းသားများ အချင်းချင်းကြား ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရေးကို ဦးတည်ပြီး မလိုလားအပ်တဲ့ လူမျိုးရေးပဋိပက္ခ မဖြစ်စေဖို့အတွက် ဖမ်းဆီးထားသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တိုက်တွန်းပါတယ်” ဟုလည်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်နှင့် ခမီးလူမျိုးနှစ်ခုကြားတွင် အမုန်းတရားများဖြစ်လာရန် အမုန်းစကားများကို ဦးဝှေ့တင်းက ပြောဆိုခြင်း များရှိကြောင်း ရက္ခိုင့်တပ်တော်(AA)က စွပ်စွဲထားသည်။

“ပလက်ဝမြို့နယ်ထဲမှာ လူဦးရေအများဆုံးဖြစ်တဲ့ ခမီးနဲ့ ရခိုင်လူမျိုးတွေကြားမှာ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေဖြစ်လာအောင်၊ လူမျိုးနှစ်ခုကြားမှာ အမုန်းစကားတွေများလာအောင်နေပြီးတော့ ဦးဝှေ့တင်ဟာ အမုန်းစကားတွေဖြန့်ပြီးတော့ သွေးထိုးလှုံ့ဆော်မှုတွေကို လုပ်နေတာဖြစ်တယ်။ ဒါတွေဟာ ဒေသခံ လူထုအတွက် တော်တော်လေးအန္တရာယ်ကြီးတဲ့ ကိစ္စဖြစ်တယ်” ဟု ခိုင်သုခက ပြောသည်။

ချင်းပြည်နယ်ထဲသို့ AA စတင်ဝင်ရောက်လှုပ်ရှားလာသော၂၀၁၅ ခုနှစ်မှ ယနေ့အချိန်အထိ ဒေသခံများအတွက် ကောင်းကျိုးတစ်စုံတရာ ဖြစ်ပေါ်မလာဘဲ သေဆုံးသူ ၁၀ ဦး၊ ဖမ်းဆီးခေါ်ဆောင်ခံရသူ ၈၂ ဦးနှင့် စစ်ဘေးရှောင် ရသူ ၄၀၀၀ ကျော်ရှိနေကြောင်း၊ ပလက်ဝမြို့နယ်အတွင်ရှိ ကျေးရွာများတွင်လည်း စားဝတ်နေရေး ခက်ခဲလာပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြံ့ကြာလာကြောင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...