ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး လင်မယားနှစ်ဦးဒဏ်ရာရ

ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး လင်မယားနှစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့ ၁၂ ခွဲခန့်က ကျောင်းတောင်ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုေကြာင့် နေအိမ်အတွင်းရှိနေသည့် လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျောင်းတောင်ကျေးရွာသားများက ပြောသည်။

ဒဏ်ရာရရှိခဲ့သူနှစ်ဦးမှာ ဒေါ်မထွေးလေးတွင် ပေါင်၌ဒဏ်ရာရရှိခဲ့ပြီး သူ၏ယောကျ်ားဖြစ်သူ ဦးကျော်သန်းတွင် လက်မောင်း၌ လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိသွားခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးက ပြောသည်။

“မထွေးလေးမှာတော့ ပေါင်နှစ်ဖက်လုံးမှာ ဒဏ်ရာရသွားတယ်။ နောက်ပြီး သူလင်မှာ ဘယ်ဖက်လက်မောင်းမှာ ကျည်ထိသွားတယ်” ဟု ၎င်းကဆိုသည်။

ဒဏ်ရာရှိခဲ့သူမထွေးလေးမှာ နေအိမ်အောက်တွင် ကွမ်းရွက်များကိုစီနေစဉ် နေအိမ်အနောက်ဘက်တွင် လက်နက်ကြီးကျရောက်မှုကြောင့် ထိခိုက်ဒဏ်ရာရသွားခြင်းဖြစ်ကြောင်း ကျောင်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ကိုသိန်းချေမောင်က ပြောသည်။

“လက်နက်ကြီးကျတာကတော့ သူ့အိမ်နောက်မှာကျတယ်။ သူက အိမ်အောက်မှာ ကွမ်းစီနေတယ်။ လက်နက်ကြီးကျပြီး သူဝဲဘက်ပေါင်မှာ စိုင်ကျလာတာပါ။ ဒီနေ့ လက်နက်ကြီးပစ်တာ ၂ နေရာရှိတယ်။ တောင်ဖြူတောင်ကလည်းပစ်သံတွေကြားတယ်။ မြောက်ဦးဖက်ကလေ့ အခုထိပစ်နေသေးတယ်”ဟု ၎င်းက ပြောသည်။

ယခုကျေးရွာအတွင်းကျရောက်လာသည့် လက်နက်ကြီးမှာ မည်သည့်နေရာမှပစ်ခတ်၍ ကျရောက်သည် ဆိုသည်ကိုမပြောနိုင်သေးကြောင်း ကျေးရွာသားများက ဆိုသည်။

လက်ရှိမှာ ဒဏ်ရာရရှိခဲ့သည့် လင်မယားနှစ်ဦးဖြစ်သည့် ဒေါ်မထွေးလေးနှင့် ဦးကျော်သန်းတို့ကို မြောက်ဦး ဆေးရုံသို့ပို့ဆောင်ပြီး ဆေးကုသမှုခံယူလျက်ရှိနေကြောင်း သိရသည်။

သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...