ရသေ့တောင်တွင် တိုက်ပွဲကြောင့် ကျောင်းသူတစ်ဦးဒဏ်ရာရ

ရသေ့တောင်တွင် တိုက်ပွဲကြောင့် ကျောင်းသူတစ်ဦးဒဏ်ရာရ

တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲကြောင့် ရသေ့တောင်မြို့နယ်၊ ကျောက်ရံကျေးရွာမှ ကျောင်းသူ တစ်ဦး ဒဏ်ရာရရှိသွားသည်ဟု ကျောက်ရံဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးစန္ဒာဝရက မိန့် ကြားသည်။

ကျောက်ရံကျေးရွာနှင့် တစ်မိုင်ခန့်ဝေးကွာသော မညင်းတောင်ကျေးရွာအနီးတွင် ယနေ့ (အောက်တိုဘာလ ၃၀ ရက်နေ့)၊နံနက် (၉)နာရီမှ မွန်းလွဲ (၁၂)နာရီအထိဖြစ်ပွားခဲ့သောတိုက်ပွဲကြောင့် အသက် (၁၃)နှစ်ရွယ် ပဉ္စမတန်း ကျောင်းသူ မနှင်းချေကို ကျည်ဆံထိမှန်သွားခြင်းဖြစ်ကာ ဘယ်ဘက်လက်တွင် ဒဏ်ရာရရှိ သွားသည်။

လက်ရှိတွင် တပ်မတော်စစ်ကြောင်းတစ်ခု ကျောက်ရံကျေးရွာထဲသို့ရောက်နေသည့်အတွက် စက်လှေ မောင်း သမားများ ထွက် ပြေးသွားသည့်အတွက် ဒဏ်ရာရကျောင်းသူကို ရသေ့တောင်မြို့ဆေးရုံသို့ ပို့ဆောင် ရန်အခက်အခဲရှိနေသည်ဟု ဆရာတော်က မိန့်သည်။

“သူ့လက်က ဒဏ်ရာကြောင့် နာကျင်ကိုက်ခဲမှုတွေရှိတဲ့အတွက် ဖြစ်နိုင်ရင် ဒီကလေးမကို ဆေးရုံကို အမြန်ဆုံးပို့ပေးချင်တယ်။ အခုက ပို့ဖို့အဆင်မပြေတဲ့အတွက်သာ ဒီကျောင်းမှာထားရတာ။ ရွာက စက်လှေ သမားတွေလည်း တစ်ယောက်မှမရှိတော့ဘူး”ဟု ဆရာတော်က မိန့်သည်။

ဒဏ်ရာရ ကျောင်းသူကို ဘုန်းတော်ကြီးကျောင်းတွင် တပ်မတော်စစ်ကြောင်း ထံမှ ဆေးဝါးများ အကူအညီ တောင်းပြီး ဆေးကုပေးထားရသည်ဟု ဒေသခံများထံကသိရသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ကျောက်တော်၊ရသေ့တောင်၊မင်းပြား၊မြောက်ဦး စသည့်မြို့နယ်များတွင် တိုက်ပွဲပြင်းထန်နေသည်။

သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...