ရသေ့တောင်ဒေသခံ(၁၀)ဦးကို တပ်မတော်ခေါ်ဆောင်သွား

ရသေ့တောင်ဒေသခံ(၁၀)ဦးကို တပ်မတော်ခေါ်ဆောင်သွား

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရေဘုတ်ကျေးရွာက ဒေသခံ (၁၀)ဦးကို ယနေ့ (အောက်တိုဘာလ ၃၀ ရက် )၊ နံနက်ပိုင်းက တပ်မတော်က ခေါ်ဆောင်သွားသည်ဟု ဒေသခံများထံကသိရသည်။

အဆိုပါ ကျေးရွာကို တပ်မတော်က အောက်တိုဘာလ (၂၇)ရက်နေ့က စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံများကို စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် ၎င်းတို့(၁၀)ဦးကို ခေါ်ဆောင်သွားခြင်းဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။ ၎င်းတို့ (၁၀)ဦးသည် ရွာထဲသို့ တပ်မတော်ရောက်သည့်နေ့မှစတင်ကာ ထိန်းသိမ်းစစ်ဆေးမှု ခံနေရသည်။  

“စစ်တပ်ကဝင်လာရင် ကျေးရွာသားတွေက အကုန်လုံးကြောက်လန့်နေကြတယ်။ ဖမ်းဆီးခံရသူ မိသားစုတွေရော ကျေးရွာသားတွေရော အကုန်လုံးကြောက်နေကြတယ်။ အခုလည်း မိသားစုတွေက စိုးရိမ်နေကြတယ်။ ဖမ်းဆီးသွားသူတွေကိုလည်း ပြန်လွှတ်စေချင်တယ်” ဟု အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

တပ်မတော်က ခေါ်ယူသွားသူများမှာ ဦးမောင်လှကျော်၊ ဦးရွှေသာထွန်း၊ ဦးထွန်းအေးမောင်၊ ဦးလှသာအောင်၊ ဦးကျော်မောင်၊ ဦးသာစိန်ထွန်း၊ မောင်ဝေသိန်း၊ ငြိမ်းဇော်ဝင်း၊ နီချေမောင်နှင့် ကျော်သိန်းမောင်တို့ဖြစ်သည်။

ရေပုတ်ကျေးရွာသည် အောက်တိုဘာလ ၂၆ ရက်နေ့က ရွှေနဒီအမြန်ရေယာဉ် တားဆီးခံခဲ့ရသည့် ရေမျက်ကျေး ရွာနှင့် နှစ်မိုင်အကွာတွင်ရှိသည်။ အမြန်ရေယာဉ်ပေါ်ရှိ တပ်မတော်၊ ရဲတပ်ဖွဲ့ဝင်နှင့် အရပ်သား (၅၈) ဦးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးခဲ့မှုကြောင့် ယင်းနယ်မြေဒေသကို တပ်မတော်က ရဟတ်ယာဉ်အသုံးပြု တိုက်ခိုက်ခဲ့သည်။

ထိုသို့ နယ်မြေတည်ငြိမ်မှု မရှိသောကြောင့် ရွာသားအများစု နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးသွားကြရ သည်ဟု ဒေသခံများထံက သိရသည်။

တပ်မတော်သည် တိုက်ပွဲဖြစ်ပွားနေသည့်ဒေသက ကျေးရွာများကို AA က အရပ်သားအသွင်ဆောင်ပြီး နေထိုင်နေသည်ဟု သံသယရှိကာ မကြာခဏ ဝင်ရောက်စစ်ဆေးမှုများရှိနေပြီး ဖမ်းဆီးမှုများလည်း ရှိနေသည်။ သို့သော် ကျေးရွာများတွင် အရပ်သားဟန်ဆောင်ပြီး နေထိုင်ခြင်းမရှိဟု AA ဘက်က တုန့်ပြန်ထားသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...