လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲတွင် စာတမ်း ၄ ခု တင်သွင်း

လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲတွင် စာတမ်း ၄ ခု တင်သွင်း
by -
မဇ္ဈိမ
ကရင်ပြည်နယ်၊ ဘားအံမြို့တွင်ပြုလုပ်သည့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွင် ကရင်တိုင်ရင်းသားများဘက်မှ စာတမ်း ၄ စောင်တင်သွင်းထားကြောင်း သိရသည်။

“ကရင်အမျိုးသားတွေစုစည်းထားတဲ့ စာတမ်းဆိုတာ ၄ခုရှိပါတယ်။ နိုင်ငံရေးကဏ္ဍဆိုင်ရာအဆိုပြုစာတမ်း ဖက်ဒရယ်တည်ထောင်တဲ့နေရာမှာ အခြေခံတဲ့သဘောထားတွေကိုလည်း တင်ပြမှာ ဖြစ်တယ်။   နောက်တစ်ခုကတော့ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေး စီမံခန့်ခွဲရေးစာတမ်း။ ပြီးလို့ရှိရင် လူမှုရေးသက်ဆိုင်ရာစာတန်း၊ ပြီးလို့ရှိရင် စီးပွားရေးဆိုင်ရာ ကဏ္ဍစာတမ်း" ဟု ကရင်အမျိုးသားအစည်းရုံး(KNU) အတွင်းရေးမှူး စောကွယ်ထူးဝင်းက မဇ္ဈိမသို့ပြောသည်။

အဆိုပါစာတမ်းများကို ဆွေးနွေးပွဲစတင်သည့် ဇန်နဝါရီ ၁၈ ရက်တွင် တင်သွင်းခဲ့ကြခြင်းဖြစ်ပြီး ယနေ့ ဇန်နဝါရီ ၁၉ ရက်တွင်ဆွေးနွေးကြမည်ဖြစ်သည်။

လုံခြံုရေးနှင့် ကာကွယ်ရေးနှင့်သက်ဆိုင်သည့်စာတမ်းများကိုမှု ယခုဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးခြင်းမရှိပေ။

အဆိုပါကိစ္စနှင့်ပက်သက်ပြီး KNU၏ အထွေထွေ အတွင်းရေးမှူး မန်းငြိမ်းမောင်က “လုံခြံုရေးကဏ္ဍကတော့ ကျွန်တော်တို့ဆီမှာ မဆွေးနွေးဘူး။ အင်မတန်မှ နက်ရှိုင်းတယ်။ကျယ်ပြောတဲ့အတွက် ပြည်ေထောင်စုအဆင့်မှာဆွေးနွေးဖို့ သဘောထား ပြုထားတယ်" ဟုပြောဆိုသည်။

လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ (ကရင်ပြည်နယ်)ကို ဘားအံမြို့ သိရီဘားအံ ဟိုတယ်တွင် ဇန်နဝါရီ ၁၈ မှ ၂၀ အထိ ၃ရက်ကြာပြုလုပ်မည် ဖြစ်သည်။

ဆွေးနွေးပွဲရလဒ်များကို ပြည်ထောင်စုငြိမ်းချမ်းရေးပူးတွဲကော်မတီ (UPDJC) တွင် အတည်ပြုကာ ၆ လတစ်ကြိမ် ပင်လုံညီလာခံတွင် ဆွေးနွေးတင်ပြသွားမည် ဖြစ်သည်။

ကရင်ပြည်နယ်တွင် လူမျိုးအခြေခံသည့် နိုင်ငံရေးဆွေးနွေးပွဲ၊ တနင်္လာရီတိုင်းတွင် ဒေသအခြေခံတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနှင့် နေပြည်တော်တွင် CSO ဖိုရမ်တွေကို ဇန်နဝါရီလမကုန်မှီ ပြီးအောင်လုပ်နိုင်မည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင်မှသိရသည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...