ကျည်ထိမှန်ဒဏ်ရာ ရရှိထားသည့် ရသေ့တောင်ဒေသခံများကို ဆေးရုံသို့ပို့ဆောင်

ကျည်ထိမှန်ဒဏ်ရာ ရရှိထားသည့် ရသေ့တောင်ဒေသခံများကို ဆေးရုံသို့ပို့ဆောင်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရေဘုတ်ကျေးရွာမှ ကျည်ဆန်ထိမှန်၍ ဒဏ်ရာရရှိသူနှစ်ဦးကို နိုင်ငံတကာ ကြက်ခြေအနီအဖွဲ့(ICRC)နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS)တို့ ပူးပေါင်းပြီး ယနေ့ (အောက်တိုဘာလ ၂၈ ရက်နေ့)တွင် ဆေးရုံသို့ပို့ဆောင်လိုက်သည်ဟု မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးလှကျော်က ပြောသည်။

အောက်တိုဘာလ ၂၇ ရက်နေ့က အသက်(၁၅)နှစ်အရွယ် မောင်မောင်ချေနှင့် အသက် (၂၆)နှစ်အရွယ် ကိုကျော်ဝင်းတို့ကို ကျည်ဆန်ထိမှန်သွားခြင်းဖြစ်သည်။ သို့သော် ယင်းရွာကို တပ်မတော်ကဝင် ရောက်စစ်ဆေးမှုများလည်း ပြုလုပ်နေကာ ရွာအနီး ရဟတ်ယာဉ်များဖြင့် ပစ်ခတ်မှုများ ရှိနေသောကြောင့် ကျေးရွာတွင် ပိတ်မိနေခြင်းဖြစ်သည်။

“မောင်မောင်ချေမှာတော့ ကျည်ဆံက ညာဘက်ပခုံးကနေ ဖောက်ဝင်သွားတယ်။ သူ့ကို စစ်တွေကို ယူဆောင်နေတယ်။ နောက်တစ်ယောက်တော့ ပေါင်ကိုဖောက်ဝင်သွားတယ်။ သူ့ကိုတော့ ရသေ့တောင်ဆေးရုံမှာတင် ထားပါတယ်”ဟု ဦးလှကျော်က ပြောသည်။

၎င်းတို့နှစ်ဦးသည် ရွာအနီးပစ်ခတ်မှုများရှိနေသောကြောင့် ကြောက်လန့်၍ ချောင်းတစ်ဖက်ရှိ အောင်မြေကုန်း ကျေးရွာသို့ ထွက်ပြေးကြချိန် တပ်မတော်ရဟတ်ယာဉ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားခြင်းဟု မောင်မောင်ချေ၏ ဖခင် ဦးအဆိုးချေက ပြောသည်။

“မနေ့ နေ့လည် (၂)နာရီမှာ ရေဘုတ်ကို တပ်မတော်က ရဟတ်ယာဉ်နဲ့ပစ်ခဲ့တယ်။ ချောင်းတစ်ဖက်က အောင် မြေကုန်းရွာကို ထွက်ပြေးတဲ့အခါ ကျည်ထိသွားတာပါ”ဟု ၎င်းကဆိုသည်။

ယမန်နေ့က ရေဘုတ်ကျေးရွာသား (၁၃)ဦးကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ဒေသခံများထံက သိရသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကိုဆက်သွယ်ရာတွင် ဖုန်းစက်ပိတ်ထားသည်။

ရေပုတ်ကျေးရွာသည် အောက်တိုဘာလ ၂၆ ရက်နေ့က ရွှေနဒီအမြန်ရေယာဉ်တားဆီးခံခဲ့ရသည့် ရေမျက်ကျေးရွာနှင့် နှစ်မိုင်အကွာတွင်ရှိသည်။

အမြန်ရေယာဉ်ပေါ်ရှိ တပ်မတော်၊ ရဲတပ်ဖွဲ့၊ အရပ်သားစုစုပေါင်း (၅၈) ဦးကို AA က ဖမ်းဆီးသွားသောကြောင့် ယင်းနယ်မြေဒေသကို တပ်မတော်က ရဟတ်ယာဉ် အသုံးပြုတိုက် ခိုက်ခဲ့သည်။

ဖမ်းဆီးလာသူအများအပြားသည် တပ်မတော်ကရဟတ်ယာဉ်များဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးသွားပြီဟု AA ကဆိုသည်။ လက်ရှိအချိန်တွင် ဖမ်းဆီးခံရသူများအနက် (၁၄)ဦးကို ကယ်တင်နိုင်ပြီဖြစ်ကြောင်းလည်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...