ရဟတ်ယာဉ်များဖြင့် ပစ်ခတ်မှုကြောင့် ဖမ်းဆီးခံရသူအများအပြားသေ ဆုံးဟု AA ထုတ်ပြန်

ရဟတ်ယာဉ်များဖြင့် ပစ်ခတ်မှုကြောင့် ဖမ်းဆီးခံရသူအများအပြားသေ ဆုံးဟု AA ထုတ်ပြန်

တပ်မတော်ကရဟတ်ယာဉ်များဖြင့် ပစ်ခတ်မှုကြောင့် ဖမ်းဆီးခံရသူ အများအပြားသေဆုံးပြီး မိမိတို့ တပ်ဖွဲ့ဝင် တစ်ချို့လည်း ကျဆုံး၊ ဒဏ်ရာ ရရှိသွားသည်ဟု ရက္ခိုင့်တပ်တော်(AA)က ယနေ့(အောက်တိုဘာလ ၂၇ ရက်နေ့) တွင်ထုတ်ပြန်သည်။

စစ်တွေ-ဘူးသီးတောင်မြို့သို့ ပြေးဆွဲနေသည့် ရွှေနဒီအမြန်ရေယာဉ်တွင် တပ်မတော်သားများသည် အရပ်သား များအဖြစ်ဟန်ဆောင်ကာ ခရီးသည်များနှင့်ရောနှောလိုက်ပါသည်ဟုသိရှိရသောကြောင့် AA က ရသေ့တောင် မြို့နယ်၊ရေမျက်ကျေးရွာအနီးတွင် ရပ်တန့်ခိုင်းခဲ့ပြီး တပ်မတော်သားများနှင့်မသင်္ကာသူများကိုဖမ်းဆီးခဲ့သည်ဟု AA ဘက်ကဆိုသည်။

ဖမ်းဆီးထားသူများကို စစ်ဆေးရန် စက်လှေများဖြင့်ပြောင်းရွှေ့နေစဉ် တပ်မတော်က ရဟတ်ယာဉ်(၃)စီးပေါ်မှ စက်သေနတ်၊ရော့ကတ်များဖြင့် လာရောက်ပစ်ခတ်ခဲ့သောကြောင့် ဖမ်းဆီးခံရသူများသေဆုံးခဲ့ရပြီး စက်လှေ (၂)စီးလုံးဝပျက်စီးနစ်မြုပ်သွားကာ အခြားစက်လှေ(၁)စီးမှာ သွားလာ၍မရအောင်ပျက်စီးသွားသည်ဟု AA ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။

ထို့အပြင် ရဟတ်ယာဉ်များဖြင့် ထပ်မံလာရောက်ပစ်ခတ်သောကြောင့် ဖမ်းဆီးခံရသူအများအပြားသေဆုံးသွား ပြီး မိမိတို့တပ်ဖွဲ့ဝင် တစ်ချို့လည်း သေဆုံး၊ဒဏ်ရာရရှိသွားသည်ဟု AA ကဆိုသည်။

“မြန်မာစစ်တပ်က မနေ့က ညနေ (၆)နာရီထိတိုင်အောင် ရဟတ်ယာဉ်သုံးစီးနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့တဲ့အ တွက် အဲဒီမှာထိန်းသိမ်းခံရတဲ့သူတွေထဲကနေပြီးတော့ ကျည်ကွယ်မျက်ကွက်မရှိတဲ့နေရာမှာရောက်နေတဲ့သူ တွေ အဲဒီမှာထပ်မံသေဆုံးခဲ့တာရှိတယ်”ဟု AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

ပစ်ခတ်ခံရမှုကြောင့်သေဆုံးသွားသူ၊ထွက်ပြေးလွတ်မြောက်သွားသူနှင့် ဆက်လက်ဖမ်းဆီးထားသည့်အရေ အတွက်ကို မသိရှိရသေးပေ။ ဖမ်းဆီးခံရသူများအနက် အရပ်သားများလည်းပါဝင်နေပြီး ၎င်းတို့ကို အမြန်ဆုံးပြန်လွှတ်ပေးရန်စီစဉ်နေ ကြောင်းနှင့် သေဆုံးသွားသူများအထဲ အရပ်သားပါဝင်မှုရှိ၊မရှိလည်း စိစစ်နေကြောင်း AA ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ဆက်လက်ဆိုသည်။

တပ်မတော်သည် ဖမ်းဆီးခံရသူများကို ကယ်တင်ရန်အတွက် ရေမျက်ရွာ၊ ကျောက်တန်း၊လိုင်ဂွင်စသည့် ကျေးရွာအနီးတို့တွင် ရဟတ်ယာဉ်များအသုံးပြုကာပစ်ခတ်ခဲ့သည်။

AA ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ရာ တွင် ဖုန်းစက်ပိတ်ထား သည်။ဆက်လက်ပြီး တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်း ထွန်းကို ဆက်သွယ်ရာတွင် ဖုန်းလက်ခံဖြေ ကြားခြင်းမရှိပေ။

အဆိုပါ အမြန်ရေယာဉ်ပေါ်က တပ်မတော်သား (၁၄)ဦး၊ ရဲတပ်ဖွဲ့ဝင် (၂၉)ဦး၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း (၂)ဦးနှင့်အရပ်သား (၁၃)ဦးတို့ကို AA က ဖမ်းဆီးသွားသည်ဟု အစိုးရပိုင်သတင်းစာများတွင်ရေးသားထား သည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...