မြေပုံမြို့နယ်တွင် ကျောင်းသားတစ်ဦး ကျည်ထိမှန်မှုကြောင့်ဒဏ်ရာရ

မြေပုံမြို့နယ်တွင် ကျောင်းသားတစ်ဦး ကျည်ထိမှန်မှုကြောင့်ဒဏ်ရာရ

ရခိုင်ပြည်နယ်၊မြေပုံမြို့နယ်၊ယိုးဆနွင်းကျေးရွာမှ ပဉ္စမတန်းကျောင်းသားတစ်ဦး ကျည်ဆန်ထိမှန်မှုကြောင့် ဒဏ်ရာရရှိသွားသဖြင့် ဆေးကုသမှုခံယူနေရသည်။

အောက်တိုဘာလ ၂၄ ရက်နေ့က မောင်သန်းစိုးသည် ဖခင်ဖြစ်သူနှင့်အတူ ကျေးရွာအနီး ထင်းခုတ်ပြီး ပြန်လာ စဉ် တပ်မတော်၏ ခြောက်လန့်ပစ်ခတ်မှုကြောင့် ကျည်ထိမှန်သွားခြင်းဟု အမည်မဖော်လိုသည့် ဒေသခံ တစ်ဦး ကပြောသည်။

“သူတို့သားဖနှစ်ယောက်က မနက်ပိုင်းကရွာနဲ့ ၁၅ မိနစ်လောက်ဝေးတဲ့နေရာမှာ ထင်းခုတ်ဖို့သွားကြတယ်။ ပြန်လာတဲ့အခါ စစ်တပ် ကနေပြီးခြောက်လှန့်ပစ်တယ်။ အဲ့ဒီမှာကလေးကချော်လဲ သွားတယ်။ပေါင်မှာ ကျည်ရှပ်ထိ သွားတယ် ” ဟု ၎င်းကဆိုသည်။

ဒဏ်ရာအခြေအနေစိုးရိမ်စရာမရှိသော်လည်း ၎င်းကို ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့တွင် မင်းပြားမြို့ ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်လိုက်သည်။

ကျေးရွာအနီးပစ်ခတ်မှုဖြစ်ပွားသဖြင့် ဒေသခံများစိုးရိမ်ကြောက်လန့်မှုများရှိခဲ့သည်ဟုလည်း ဒေသခံတစ်ဦး က ပြောသည်။

“အရင်တစ်ခါတုန်းက ကျေးရွာနဲ့အဝေးမှာ ပစ်ခတ်မှုဖြစ်တာရှိခဲ့တယ်။ အခုက ကျေးရွာအနီးမှာ အခုလိုမျိုး ပစ်ခတ်မှုဖြစ်ပွားတာရှိတယ်ဆိုတော့ ကျေးရွာသားတွေ ကလည်းကြောက်လန့်နေကြတယ်။ စိုးရိမ်မှုတွေကရှိနေကြတဲ့အတွက် ကျောင်းသားတွေကိုနေ့တစ်ဝက်ပဲစာသင်ကြားလိုက်တယ်”ဟု ၎င်းကဆိုသည်။

 

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်ရာတွင် ယင်းရွာအနီးတွင် ပစ်ခတ်မှုမရှိဟု ပြောသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...