ရသေ့တောင်တွင် တပ်မတော်က ရွာသား(၁၃)ဦးကိုဖမ်းဆီး

ရသေ့တောင်တွင် တပ်မတော်က ရွာသား(၁၃)ဦးကိုဖမ်းဆီး
by -
နေရောင်မင်း

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ရေဘုတ်ကျေးရွာသား (၁၃)ဦးကို တပ်မတော်က ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ဒေသခံများထံကသိရသည်။

တပ်မတော်သည် ယမန်နေ့ညနေပိုင်းစတင်ကာရွာထဲသို့ ဝင်ရောက် လာပြီး ယနေ့နံနက်ပိုင်းတွင် ရွာသား(၁၀) ဦးကို ဖမ်းဆီးသွားကာ နေ့လယ်ပိုင်းတွင် (၃)ဦးကိုထပ်မံဖမ်းဆီးလိုက်သည် ဟုဒေသခံများထံကသိရသည်။

“မနေ့က ည (၆)နာရီခွဲလောက်မှာစစ်တပ် ကဝင်လာတယ်။သေနတ်ပစ်ပြီးဝင်လာတယ်။ အဲ့တော့ လူတွေလည်း ထွက်လို့မရဘဲ ဓမ္မာရုံမှာစုခံတယ်။မိန်းမတွေကို မနက်မိုးလင်း ရင်ကိုယ့်အိမ်ကိုကိုယ် လွှတ်လိုက်ပါတယ်။ ယောကျ်ား(၄၀)လောက် ကျန်တာထဲက သူတို့(၁၀)ယောက်ခေါ်ထားလိုက်တယ်။ခေါ်ပြီးတော့ ရွာ အနောက် ဘက်ကိုသွားတယ်။မနက် (၁၁)နာရီလောက်ဘုန်းကြီးကျောင်းကိုပြန်ဝင်လာတယ်။အဲ့တော့ နောက်သုံး ယောက်ကျွဲကျောင်းဖို့သွားတယ်။သူတို့ကိုလည်း ထပ်ဖမ်းထားတယ်”ဟု ရေဘုတ်ရွာသားတစ်ဦးက ပြောသည်။

လက်ရှိတွင် ပထမဆုံးဖမ်းဆီးခဲ့သူများကို ဘုန်းကြီးကျောင်းဝင်းရှိ ဓမ္မာရုံတွင်ထိန်းသိမ်းထားပြီး နောက်ဆုံးဖမ်း ဆီးသည့် လူ(၃)ဦးကို ကန်ဘောင်တွင်ထိန်းသိမ်းစစ်ဆေးနေသည်ဟု ဒေသခံများထံ ကသိရသည်။

ပထမဆုံးဖမ်းခဲ့သူများကို လမ်းပြအဖြစ်ခေါ်သွားခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် လွတ်မြောက်လာခြင်းမရှိသေး အတွက် မိသားစုဝင်များစိုးရိမ်နေကြသည်။

“ဘုန်းကြီးကျောင်းဓမ္မာရုံမှာ ပုန်းနေကြတာကနေ ခေါ်သွားတာ ပါ။ရွာသားတွေအားလုံးက ကြောက်လို့ ဓမ္မာရုံမှာ စုနေကြတာပါ။သူတို့က လမ်းပြလူ ၁၀ ယောက်လိုလို့ ခေါ်ပါတယ်။ကျမ အမျိုးသားက ကျန်းမာရေး သိပ် ကောင်းတာမဟုတ်ဘူး။ဗိုက်လဲ နှစ်ခါခွဲလို့ရှိတယ်၊ဒါပေမယ့် ခေါ်သွားတော့ လိုက်သွားရပါတယ်” ဟု ခေါ်ယူခြင်းခံရသူ ဦးရွှေသာထွန်း၏ ဇနီးဒေါ်မခင်နုကပြောသည်။

ရေပုတ်ကျေးရွာသည် အောက်တိုဘာလ ၂၆ ရက်နေ့က ရွှေနဒီအမြန်ရေ ယာဉ်တားဆီးခံခဲ့ရသည့် ရေမျက်ကျေး ရွာနှင့်နှစ်မိုင် အကွာတွင်ရှိသည်။ အမြန်ရေယာဉ်ပေါ်ရှိလူများဖမ်းဆီးခံခဲ့ရမှုကြောင့် ယင်းနယ်မြေဒေသကို တပ် မတော်က ရဟတ်ယာဉ်အသုံးပြုတိုက်ခိုက်ခဲ့သည်။

ယခုကဲ့သို့ရွာသားများဖမ်းဆီးခံရမှုများနှင့်ကျေးရွာအနီး ရဟတ်ယာဉ်များ ပစ်ခတ်နေမှုကြောင့် ဒေသခံများစိုးရိမ် နေကြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်ပြောရေးဆိုခွင့်ရှိသူများကို DMG ကဆက်သွယ်ခဲ့သော်လည်း ဖုန်း လက်ခံဖြေကြားခြင်းမရှိပေ။

အောက်တိုဘာလ ၂၆ ရက်နေ့က စစ်တွေ-ဘူးသီးတောင်မြို့ သို့ပြေးဆွဲနေသည့် ရွှေနဒီအမြန်ရေယာဉ်ကို AA က ရသေ့တောင်မြို့နယ် ၊ရေမျက်ကျေးရွာအနီးတွင် ဟန့်တားခဲ့ပြီး တပ်မတော်သား (၁၄)ဦး၊ရဲတပ်ဖွဲ့ဝင်(၂၉)ဦး၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း (၂)ဦးနှင့်အရပ်သား (၁၃)ဦးတို့ကို ဖမ်းဆီးသွားသည်ဟု အစိုးရပိုင် သတင်းစာများ တွင်ရေးသားထား သည်။

တပ်မတော်က ယင်းအနီးတစ်ဝိုက်ကို ရဟတ်ယာဉ်များဖြင့် ပစ်ခတ်မှုကြောင့် ဖမ်းဆီးခံရသူအများအပြား သေဆုံးပြီး မိမိတို့ တပ်ဖွဲ့ဝင် တစ်ချို့လည်း ကျဆုံး၊ဒဏ်ရာရရှိသွားသည်ဟု ရက္ခိုင့်တပ်တော်(AA)က ယနေ့(အောက်တိုဘာလ ၂၇ ရက်နေ့) တွင်ထုတ်ပြန်သည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...