မန္တလေးတွင် ဖောက်ခွဲပစ္စည်းများဖမ်းဆီးရမိသည့်ကိစ္စနှင့်ဆက်စပ်၍ AA စစ်ဦးချုပ်ညီမနှင့်ယောက်ဖတို့ကို ဖမ်းဆီးထား

မန္တလေးတွင် ဖောက်ခွဲပစ္စည်းများဖမ်းဆီးရမိသည့်ကိစ္စနှင့်ဆက်စပ်၍ AA စစ်ဦးချုပ်ညီမနှင့်ယောက်ဖတို့ကို ဖမ်းဆီးထား

ရက္ခိုင့်တပ်တော်(AA)စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီမနှင့်ယောက်ဖတို့ကို မန္တလေးတွင် ဖောက်ခွဲ ရေးပစ္စည်းများ ဖမ်းဆီးရမိသည့်ကိစ္စနှင့်ဆက်စပ်၍ ဖမ်းဆီးထားသည်ဟု ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့၊သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲတွင် သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

AA စစ်ဦးချုပ်၏ညီမ မမိုးနှင်းဖြူနှင့်ယောက်ဖဖြစ်သူ ကိုကျော်နိုင်တို့ကို အောက်တိုဘာလ ၁၈ ရက်နေ့က ထိုင်းနိုင်ငံ ၊ချင်းမိုင်က ပြန်လာစဉ် ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးပြီး စစ်ဆေးမှုများပြုလုပ်နေသည်။

“ကျနော်တို့ နောက်ဆုံးသိရသလောက်ကတော့ ဟိုတလောက မန္တလေးမှာဖောက်ခွဲပစ္စည်းတွေမိတယ်ဆိုတဲ့ ကိစ္စနဲ့ဆက်စပ်တယ် လို့ပြောတယ်။ဖမ်းတာတော့နှစ်ယောက်ပေါ့နော်။သူ့(ဗိုလ်ချုပ်ထွန်းမြတ်နိုင်)ရဲ့ ယောက်ဖနဲ့ သူ့ရဲ့ညီမ အဲလိုဖမ်းဆီးထားတာဖြစ်တယ်”ဟု ဦးဇော်ဌေးက ပြောသည်။

၎င်းတို့နှစ်ဦးနှင့်ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့တွင် အချက်အလက် တစ်ချို့ရှိနေပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူ များသည် မနက်ဖန် (အောက်တိုဘာလ ၂၆ ရက်နေ့)တွင် ထိုင်းနိုင်ငံကိုသွားရောက်ပြီး သက်သေခံအချက် အလက်များကို ပူးပေါင်းဆောင်ရွက်မည်ဟု ၎င်းကဆက်လက်ဆိုသည်။

ကိုကျော်နိုင်နှင့် သမီးငယ်တို့ ထိုင်းနိုင်ငံမှ ဆေးကုသမှု ခံယူပြီးအပြန် ဖမ်းဆီးမှုကိုခံလိုက်ရသည်။ ၎င်းတို့ကို လာရောက်ကြိုဆိုသည့် မမိုးနှင်းဖြူလည်း ဖမ်းဆီးခံခဲ့ရပြီး နောက်ပိုင်းတွင် သမီးငယ်ကို မိသားစုဝင်များထံ ပို့ဆောင်သွားကြောင်း မိသားစုဝင်ထံက သိရသည်။

လက်ရှိတွင် ကိုကျော်နိုင်ကိုအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မများဖြင့် အမှုဖွင့်ထားကြောင်းလည်း ပြည် တွင်းမီဒီယာတစ်ချို့တွင်ရေးသားဖော်ပြကြသည်။

အောက်တိုဘာလ (၁၀)ရက်နေ့က မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ် ရှိနေအိမ်တစ်အိမ်တွင် ဖောက်ခွဲ ရေး ပစ္စည်းများကိုဖမ်းဆီးရမိခဲ့ပြီး လူ(၆)ဦးကိုလည်းဖမ်းဆီးခဲ့ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေများဖြင့် အမှု ဖွင့်ထားသည်။ ၎င်းတို့ကို AA နှင့်ပတ်သက်သည် ဟုလည်း စွပ်စွဲထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့ကလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော်ကိုလည်း AAကို ထောက်ပံ့နေသည်ဟု စွပ်စွဲချက်ဖြင့် စင်္ကာပူအစိုးရက ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ ပြန်ပို့လိုက်စဉ် ရန်ကုန် လေဆိပ်တွင် ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုထားသည်။

လက်ရှိတွင် AA နှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ (၂၁၇)ဦး ရှိကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) ထံက သိရသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...