တရားသော၊ မတရားသော စစ်များ ရပ်စဲရေးအတွက် မကွေးမှ စက်ဘီးစီး ထွက်ခွာ

တရားသော၊ မတရားသော စစ်များ ရပ်စဲရေးအတွက် မကွေးမှ စက်ဘီးစီး ထွက်ခွာ
by -
မဇ္ဈိမ
စစ်ပွဲများ ရပ်စဲရေး၊၂၁ရာစု ပင်လုံညီလာခံအောင်မြင်ရေးအတွက်  မကွေးမြို့မှ စက်ဘီးစီးအဖွဲ့ ၅ ဦးသည် ဇန်နဝါရီလ ၁၇ရက်နေ့ နံနက်ပိုင်း၊ မကွေးမြို့မှ စတင်ထွက်ခွာခဲ့ကြကြောင်း သိရသည်။

စစ်ပွဲများ ရပ်စဲရေး၊၂၁ရာစု ပင်လုံညီလာခံ အောင်မြင်ရေးအတွက် ဇန်နဝါရီလ ၁၇ရက်နေ့ နံနက်ပိုင်းက ကိုဇော်ဇော် ခေါင်းဆောင်သော စက်ဘီးစီးအဖွဲ့သည် မကွေးမြို့ ဟိုက်ကလပ် စားသောက်ဆိုင်အနီးမှ စတင်စက်ဘီးစီးကာ မကွေးမှ တောင်တွင်းကြီးမြို့၊၎င်းမှတဆင့် ဂွေးချောင်းခံတပ်၊ မင်းလှ၊ မင်းဘူးမြို့များမှတဆင့် မကွေးမြို့သို့ စက်ဘီးစီး ပြန်လည်ဝင်ရောက်မည် ဖြစ်ကြောင်း သိရှိရသည်။

 “ ကျွန်တော်တို့အဖွဲ့ ငြိမ်းချမ်းရေးအတွက် စက်ဘီးစီးတာပါ။ မကွေးမြို့၊ ဟိုက်ကလပ် စားသောက်ဆိုင်နားကနေ နံနက် ရ နာရီခွဲ စထွက်ပါတယ် ။ အခု သစ်ရာကောက် ရောက်နေပါပြီ ။ ကျွန်တော်တို့ စက်ဘီးစီးအဖွဲ့ ၅ဦး ပါဝင်ပါတယ် ။ တရားတဲ့စစ်ပွဲ၊ မတရားတဲ့စစ်ပွဲတွေဟာ လူသားတွေအတွက် အကျိုးမပြုတဲ့အတွက် ကျွန်တော်တို့ အဲ့ဒါကို ရပ်စဲဖို့အတွက်ရယ်၊၂၁ရာစု ပင်လုံညီလာခံ အောင်မြင်ရေးအတွက်ရယ် ဆောင်ပုဒ်ကလေးတွေ ကိုင်ပြီး စက်ဘီးစီးတာပါ ” ဟု စက်ဘီးစီးအဖွဲ့ ခေါင်းဆောင် ကိုဇော်ဇော်က မဇ္ဈိမကို ပြောပါတယ်။

အဆိုပါစက်ဘီးစီးအဖွဲ့သည် (၅)ဦးဖြစ်ပြီး ကျောက်ပန်းတောင်းမြို့မှ ကိုဇော်ဇော်၊ ကိုရဲဝင်းဇော်နှင့် မကွေးမြို့မှ ကိုထွဋ်၊ ကိုဉာဏ်လင်းထက်၊ ဦးဉာဏ်မြင့်ဇော်တို့ ဖြစ်သည်။

“ မကွေးကနေ တောင်တွင်းကြီးမြို့အထိ စက်ဘီးစီးမယ် တောင်တွင်းကြီးမြို့မှာ တစ်ညအိပ်မယ် ဇန်နဝါရီ၁၈ ရက်နေ့ နံနက်ပိုင်းက စတင်ပြီး တောင်တွင်းကနေ ဂွေးချောင်းခံတပ် အဲ့ဒီကတဆင့် မင်းလှမြို့နဲ့ မင်းဘူးမြို့တွေ ဖြတ်သန်းစီးပြီး မကွေးမြို့ကို ပြန်လာမှာပါ " ဟု စက်ဘီးစီးသူ ကိုထွဋ်က ပြောသည်။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...