မောင်တောမြို့နယ် နံသာတောင် ပရဟိတကျောင်းတွင် ၅ ကြိမ်မြောက် မြတ်ဆရာပူဇော်ကန်တော့ပွဲနှင့် ကျောင်းသားစုံညီပွဲတော်ပြုလုပ်

မောင်တောမြို့နယ် နံသာတောင် ပရဟိတကျောင်းတွင် ၅ ကြိမ်မြောက် မြတ်ဆရာပူဇော်ကန်တော့ပွဲနှင့် ကျောင်းသားစုံညီပွဲတော်ပြုလုပ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း နံသာတောင်ပရဟိတကျောင်း၌ ၅ ကြိမ်မြောက် မြတ်ဆရာပူဇော် ကန်တော့ပွဲနှင့် ကျောင်းသားစုံညီပွဲတော်ကို ဇန်နဝါရီလ ၁၄ ရက် မှ ၁၅ ရက်နေ့ထိ ပြုလုပ်ခဲ့သည်ဟု သိရသည်။

“မောင်တောဒေသခံပြည်သူတွေအနေနဲ့ မြင်ဖူးအောင် တွေ့ဖူးအောင်လုပ်ရခြင်းဖြစ်ပါတယ်။ ဒီလောက် ဝေးလန်ခေါင်ပါးတဲ့ နယ်စပ်ဒေသမှာ ကြောင့်ကြစိုးရိမ်စိတ် ၀င်နေတာတွေကို စိတ်သက်သာရာ ရပြီးတော့ စိတ်တည်ငြိမ်မှုတွေရှိလာအောင် ရည်ရွယ်ပြီးတော့ ပြုလုပ်ခဲ့တာပါ”ဟု နံသာတောင်ဆရာတော် ဦးစာရဏက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ယင်းအခမ်းအနားသို့ တောင်ပြိုစစ်ကြောင်းဗျူဟာမှူးနှင့် ကျီးကန်းပြင် နယ်ခြားစောင့်ရဲစခန်းဌာနချုပ်မှ ကွပ်ကဲရေးမှူးတို့လည်း တက်ရောက်ပြီး၊ ယခုကဲ့သို့ မြတ်ဆရာပူဇော်ကန်တော့ပွဲနှင့် ကျောင်းသားစုံညီပွဲတော် ပြုလုပ်ပေးခြင်းသည် ဒေသခံများစိုးရိမ်စိတ်များကို သက်သာရာ ရနိုင်ပြီးအထူးကောင်းမွန်ကြောင်း ချီးကျူးစကားများ ပြောကြားခဲ့သည်ဟု ဆိုသည်။

မြတ်ဆရာပူဇော်ကန်တော့ပွဲတွင် ကျောင်းသား ကျောင်းသူများက ငွေကြေးထည့်ဝင်၍ ဆရာဆရာမ ၂၇ ဦးအတွက် တစ်ဦးကို ၅ သောင်းကျပ်စီ ကန်တော့ခဲ့ကြောင်း သိရသည်။

ကျောင်းသားစုံညီပွဲတော်တွင် ဘောလုံးပွဲ၊ ကျင်ပွဲ၊ ချောတိုင်တက်ပွဲ၊ ခြင်းလုံးပွဲ၊ အမျိုးသမီး လွန်ဆွဲပွဲ၊ မုန့်ကိုက်ပွဲ၊ ထုပ်ဆီးထိုးပြိုင်ပွဲ၊ ကွမ်းသီးကောက် ပြိုင်ပွဲများပါ၀င်သည်ဟု ဆိုသည်။

ယင်းအပြင် ညပိုင်း၌ သီဆိုဖျော်ဖြေမှုများနှင့် ရိုးရာယိမ်းအကများဖြင့် တင်ဆက်ကပြခဲ့ကြောင်း သိရသည်။

ယင်းပွဲတော်ပြုလုပ်နိုင်ရန် ကံစမ်းမဲများရောင်းချ၍ ရန်ပုံငွေရှာဖွေခဲ့ပြီး တက်ရောက်လာသူများကိုပါ ထမင်းကျွေးမွေး တည်ခင်းဧည့်ခံခဲ့သည့်အတွက် ငွေ ၈၀ သိန်းကျပ်ခန့် ကုန်ကျခဲ့သည်ဟု သိရသည်။

ယင်းစုံညီပွဲတော်သို့ တောင်ပြိုစစ်ကြောင်း ဗျူဟာမှူး၊ ကျီးကန်းပြင် နယ်ခြားစောင့်ရဲစခန်းဌာနချုပ် ကွပ်ကဲရေးမှူး၊ တောင်ပြိုလက်ဝဲ အထကကျောင်း၊ လောင်းဒုံနှင့် အနီးအနားကျေးရွာများမှ ဆရာ ဆရာမများနှင့် ကျောင်းသားမိဘများအပါအဝင် လူပေါင်း ၁၀၀၀ ကျော်တက်ရောက်ခဲ့ကြသည်ဟု သိရှိရသည်။

ယခုအချိန်တွင် မောင်တောမြောက်ပိုင်းတွင် တည်ငြိမ်အေးချမ်းမှုရှိနေပြီး လုံခြံုစွာသွားလာနေနိုင်သည်ဟု လေ့လာသိရှိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...