လှေစီး ဒုက္ခသည်များထံ မစ္စတာ နမ်ဘီးယားရောက်ရှိ

လှေစီး ဒုက္ခသည်များထံ မစ္စတာ နမ်ဘီးယားရောက်ရှိ
by -
မဇ္ဈိမ
ဓာတ်ပုံ- အီးပီအေ
ဓာတ်ပုံ- အီးပီအေ
လူ့အခွင့်အရေးနှင့် အညီထားရှိမည်ဟု ရခိုင်ဝန်ကြီးချုပ်ပြော ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် စောင့်ရှောက်ထားသည့် လှေစီးဒုက္ခသည်များထံ ကုလသမဂ္ဂ အထူးအကြံပေးအရာရှိ မစ္စတာ ဗီဂျေးနမ်ဘီးယား မေ ၂၃ ရက်က သွားရောက်တွေ့ဆုံစဉ် အဆိုပါ ဒုက္ခသည်များကို လူ့အခွင့်ရေးနှင့်အညီ စောင့်ရှောက်ပြီးမှ စစ်ဆေးမှုများ ပြုလုပ်မည်ဟု ရခိုင်ပြည် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောကြားခဲ့သည်ဟု ဆိုသည်။

 “မစ္စတာ နမ်ဗီးယား ကိုယ်တိုင်လည်း လူနှစ်ရာဟာ ဘင်္ဂလားဒေ့ရှ်က ဖြစ်တယ်ဆိုတာ သူတို့ ထွက်ဆိုချက်တွေအရ သိသွားတယ်။ ပိုပြီးတော့ ရှင်းသွားတာပေါ့၊ သူတို့ကိုတော့ လူ့အခွင့်ရေးနဲ့အညီ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးပြီးမှပဲ မိမိနေရပ်ကို ပြန်လွှတ်ပါမယ်” ဟု ဦးမောင်မောင်အုန်းက ပြောသည်။

မြန်မာ့ ရေပိုင်နက်အတွင်း လှေဖြင့်မျောပါလာသော ဒုက္ခသည်  ၂၀၈ ဦးအနက် ရှစ်ဦးမှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မှ ဖြစ်သည်ဟုလည်း ဦးမောင်မောင်အုန်းက အတည်ပြုပြောကြားခဲ့သည်။

“ဒီအထဲကမှ ရှစ်ဦးခန့်ဟာ ရခိုင်ပြည်နယ်ထဲက ဖြစ်ပါတယ်” ဟု ဆိုသည်။

လှေစီးဒုက္ခသည်များမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ ထွက်ဆိုမှုများမှတဆင့် လူမှောင်ခိုမှု၊ လူကုန်ကူးမှုများကိုလည်း တားဆီးနိုင်မည်ဟု မောင်တောခရိုင် လူကုန်ကူးမှု တိုက်ဖျက်ရေးတာဝန်ခံ ရဲအုပ် စံလင်းက ဆိုသည်။

“သူတို့ ဘယ်လိုသွားခဲ့တယ်၊ ဘယ်သူနဲ့ ဆက်သွယ်ခဲ့တယ် ဆိုတာတွေက လူမှောင်ခိုမှုတွေ လူကုန်ကူးမှုတွေကို တားဆီးနိုင်ဖို့ အချက်အလက်တွေလည်း အများကြီးရပါတယ်” ဟု ရဲအုပ်စံလင်းက ဆိုသည်။

ထိုဒုက္ခသည်များသည် ပင်လယ်ပြင်အတွင်း ရက်ပေါင်း ခြောက်ဆယ် မျောပါခဲ့ခြင်းဖြစ်ပြီး မြန်မာ့ ရေပိုင်နက်အတွင်း
ရောက်ရှိလာခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် အစိုးရ အဖွဲ့အနေဖြင့် လှေစီးရွှေ့ပြောင်း ဒုက္ခသည်များကို ကယ်တင်နိုင်ရေးအတွက် လှေစီးဒုက္ခသည်များ အရေးပေါ်ကူညီကယ်ဆယ် စောင့်ရှောက်ရေး ကော်မတီကို ဖွဲ့စည်း ဆောင်ရွက်လျှက်ရှိသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...