ဘူးသီးတောင်တွင် မြေစာရင်းဝန်ထမ်းတစ်ဦးကို ရဲတပ်ဖွဲ့စစ်ဆေး

by -
မင်းထွန်း

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့က မြေစာရင်းဝန်ထမ်းတစ်ဦးကို အောက်တိုဘာလ ၂၂ ရက်နေ့၊ ည (၁၂) နာရီအချိန်ခန့်တွင် စစ်ဆေးစရာရှိသည်ဟုဆိုကာ ဘူးသီးတောင်မြို့မရဲစခန်းက ခေါ်ဆောင်သွားကြောင်း မိသားစုဝင်များက ပြောသည်။

စစ်ဆေးရန် ခေါ်ဆောင်ခံရသူမှာ ဘူးသီးတောင်မြို့၊ အမှတ် (၅) ရပ်ကွက်တွင်နေထိုင်သည့် ဦးမောင်လှသိန်း ဖြစ်သည်။ ၎င်းကို ရဲတပ်ဖွဲ့ဝင်များနှင့် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)တို့က နေအိမ်သို့လာရောက်ခေါ်ဆောင် သွားခြင်းဖြစ်သည်ဟု အစ်ကိုဖြစ်သူ ဦးမောင်ရွှေသိန်းက ပြောသည်။

“ည ၁၂ နာရီလောက်မှာ လုံခြုံရေးအဖွဲ့ကနေပြီးတော့ ရဲစခန်းကိုခေါ်လာတယ်။ ခေါ်လာပြီးတော့ စစ်ဆေးစရာရှိတယ် ဆိုပြီးပြောတယ်။ ရဲစခန်းမှာတော့ သူက လွတ်လပ်ပါတယ်။ အချုပ်ခန်းမှာ ချုပ်နှောင်လို့တော့ မဟုတ်ဘူး။ ဒီနေ့တော့ စစ်ဆေးနေပါတယ်”၎င်းက ဆိုသည်။

၎င်းကို မည်သည့်ကိစ္စကြောင့် စစ်ဆေးရန်ခေါ်ဆောင်သွားခြင်းဖြစ်သည်ကို ရဲတပ်ဖွဲ့က အတိအကျမပြောခဲ့ကြောင်းလည်း ၎င်းကဆက်လက်ပြောသည်။

စစ်ဆေးခံနေရသူသည် မြေစာရင်းတွင် လုပ်သက် (၂၀)ခန့်အကြာ လုပ်ကိုင်နေသည့် ဝန်ထမ်းတစ်ဦးဖြစ်ပြီး မြေတိုင်းအဆင့် (၄) ဖြစ်ကြောင်း ဦးမောင်ရွှေသိန်းက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဘူးသီးတောင်မြို့မရဲစခန်းကို ဆက်သွယ်ခဲ့ရာတွင် ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...