ဘင်္ဂလားဒေ့ရှ်တွင် Facebook ပို့စ်တစ်ခုကို မကျေနပ်ရာမှ အဓိကရုဏ်းဖြစ်ပြီး ၄ ဦးသေဆုံး

ဘင်္ဂလားဒေ့ရှ်တွင် Facebook ပို့စ်တစ်ခုကို မကျေနပ်ရာမှ အဓိကရုဏ်းဖြစ်ပြီး ၄ ဦးသေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် Facebook ပို့စ်တစ်ခုကို မူစလင်ဘာသာဝင်များက စိတ်ဆိုးဒေါသထွက်ပြီး လူစု၊လူဝေးဖြင့် ဆူပူမှုများ ပေါ်ပေါက်သဖြင့် ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းရာမှ ၄ ဦးအထိသေဆုံးခဲ့ကြောင်း CNN သတင်းဌာန တွင်ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း၊ ဘိုလာခရိုင်ရှိ ဘိုရန်နက်ဒင်မြို့တွင် ထောင်နှင့်ချီသော မူစလင်များသည် တမန်တော်မိုဟာမက်ကိုစော်ကားသော Facebook ပို့စ်တစ်ခုအပေါ် စိတ်ဆိုးဒေါသထွက်ပြီး လမ်းမများထက်သို့ထွက်ကာ ဆန္ဒပြကြရာမှ အဓိကရုဏ်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့အနေနဲ့ ပစ်မှကိုဖြစ်မှာမို့လို့ပါ။ တခြားရွေးချယ်စရာမရှိခဲ့ပါဘူး " ဟု အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

မူစလင်များကို စိတ်ဆိုးဒေါသထွက်စေခဲ့သော ပို့စ်ကိုတင်ခဲ့သူမှာ ယင်းဒေသတွင်နေထိုင်သော အသက် ၂၅ နှစ်အရွယ် ဟိန္ဒိူဘာသာဝင်အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းကမူ ထိုပို့စ်ကိုသူတင်ခြင်းမဟုတ်ဘဲ သူ၏ Facebook အကောင့် မှာ hack ခံခဲ့ရခြင်းကာ hacker များကသူ့ကို ခြိမ်းခြောက်ငွေတောင်းခဲ့သေးကြောင်း ရဲတပ်ဖွဲ့ကို ပြောကြားထားသည်ဟု ဘိုလာခရိုင်ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။

ယခုအဓိကရုဏ်းဖြစ်ပွားစေခဲ့သော ပို့စ်အပေါ် အွန်လိုင်းတွင် လူအများ၏ အာရုံစိုက်မှုမြင့်တက်လာပြီးနောက်တွင် သက်ဆိုင်ရာဒေသအာဏာပိုင်များသည် စနေနေ့က ဘာသာရေးခေါင်းဆောင်များနှင့်တွေ့ဆုံပြီး လူအများ တည်ငြိမ်ပြီး စိတ်အေးချမ်းမှုရှိကာ အခြေအနေတည်ငြိမ်မှုရှိစေရန် ကြိုးစားခဲ့ကြသည်။

သို့ရာတွင် တနင်္ဂနွေနေ့တွင် ဒေါသထွက်နေသော လူတစ်စုက ရဲစခန်းအနီးတွင် တရားမျှတမှုအတွက် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

အစပိုင်းတွင် ဆန္ဒပြမှုသည် တည်ငြိမ်အေးဆေးနေသဖြင့် ၎င်းတို့အနေဖြင့် ပစ်ခတ်ရန် အစီအစဉ်မရှိခဲ့ကြောင်း၊ သို့သော် နောက်ပိုင်းတွင် လူအုပ်ထဲမှအချို့သူများက ဆူပူအကြမ်းဖက်လာပြီး ရဲများကို ကျောက်တုံးများ၊ အုတ်ခဲများဖြင့် ပစ်ပေါက် လာခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။

"အနားမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုလည်းရှိနေတော့ အုတ်ခဲတွေကအများကြီး အဆင်သင့်ရှိနေပါတယ်။ သူတို့က ကျွန်တော်တို့ကို အုတ်ခဲတွေနဲ့ ပေါက်ကြတယ်။ ကျွန်တော်တို့ အခန်းတစ်ခန်းထဲမှာ တံခါးပိတ်ပြီးနေခဲ့ရပါတယ်" ဟု ဘိုလာရဲတပ်ဖွဲ့၏  အကြီးတန်းရဲအရာရှိတစ်ဦးက ပြောကြားသည်။

ထို့နောက် အခြေအနေများ ပိုမိုဆိုးလာခဲ့ပြီးနောက်တွင် ရဲတပ်ဖွဲ့ဝင်များက ကျည်ဆံအတုများနှင့် ပစ်ခတ်ခဲ့သေးသော်လည်း လူစုခွဲနိုင်ခြင်းမရှိသဖြင့် မည်သို့မျှမတတ်နိုင်ဘဲ ကိုယ့်အသက်အန္တရာယ်ကိုကာကွယ်ရန် ကျည်ဆန်အစစ်ထည့်ထားသော သေနတ်ဖြင့် ပစ်ခတ်ခဲ့ရခြင်းဖြစ်သည်ဟုလည်း ၎င်းကပြောကြားသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...