ရသေ့တောင်မြို့နယ် ရှိန်ခါလီကျေးရွာ ရေကျော်တံတားအနီး မိုင်းပေါက်ကွဲ

ရသေ့တောင်မြို့နယ် ရှိန်ခါလီကျေးရွာ ရေကျော်တံတားအနီး မိုင်းပေါက်ကွဲ
by -
ချလူးအောင်

ရသေ့တောင်မြို့နယ်၊ မောင်တော-အငူမော်ကားလမ်းရှိ ရှိန်ခါလီကျေးရွာ ရေကျော်တံတားအနီးတွင် အောက်တိုဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်း ရှိန်ခါလီကျေးရွာကို တပ်မတော်မှ ဝိုင်းထားပြီး ကျေးရွာအတွင်း လ.ဝ.က မှ စစ်ဆေးရေးအဖွဲ့ တစ်ခုလည်းရောက်ရှိနေကြောင်း အမည်မဖေါ်လိုသည့် ကျေးရွာသားများကပြောသည်။

“မနက် ၉ နာရီလောက်က ပေါက်တာပါ။ အခုကရွာကို တပ်ကဝိုင်းထားတယ်။ အခုက ရွာကို စစ်တပ်က ဝိုင်းထားတယ်။ ရွာကို လ.ဝ.က က စစ်ဆေးဖို့ အဖွဲ့တစ်ခုလည်း ရောက်နေတယ်။ အခု ရွာသားတွေက နေအိမ်တွေမှာပဲ နေကြပါတယ်။ နောက်ဘာဖြစ်မှာလဲတော့ မသိဘူး” ဟု ကျေးရွာသား တစ်ဦးကပြောသည်။

မိုင်းပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာန တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။

ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “မိုင်းပေါက်တာတော့ ဟုတ်တယ်။ ရေကျော်တံတားအနီးမှာလို့ သိရတယ်။ ကျေးရွာကို ဝင်ရောက်ရှာဖွေမှုတွေ လုပ်၊ မလုပ်တော့   မပြောတတ်ဘူး” ဟုဆိုသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်း အငူမော်မှမောင်တောသို့ သွားသည့် ကားလမ်းကို ပိတ်ထားကြောင်း ကားဆရာတစ်ဦးက ပြောသည်။

“ကွျှန်တော်တို့ကို ကိုးတန်ကောက်စခန်းဂိတ်က မနက်ပိုင်း ကျော်ဖြတ်ခွင့်မပေးဘူး တိုက်ပွဲဖြစ‌်နေတယ်လိုပြေတယ် မောင်တောက မနက်တက်လာတဲ့ ကားတွေအားလုံးဘဲ့ အစီး ၃၀ လောက်ရှိမယ် နောက် ၉ နာရီ ကျော်လောက်မှာ သွားခွင့်ပြုလိုက်တယ် အခုအပြန်ကားတွေ ပိတ်ထားပြီလို့သိရတယ်"ဟု ပြောသည်။

အဆိုပါ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ရှိန်ခါလီကျေးရွာသည် အိမ်ခြေ ၁၆၀ ကျော်ရှိခန့်ရှိသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...