ရခိုင်တွင် သီတင်းကျွတ်အားလပ်ရက်ကာလ ယာဉ်တိုက်မှု (၉) မှုအထိဖြစ်ပွား

ရခိုင်တွင် သီတင်းကျွတ်အားလပ်ရက်ကာလ ယာဉ်တိုက်မှု (၉) မှုအထိဖြစ်ပွား
by -
အောင်ထိန်

ရခိုင်ပြည်နယ်တွင် သီတင်းကျွတ်အားလပ်ရက်ကာလအတွင်း ယာဉ်မတော်တဆမှု (၉)မှုအထိ ဖြစ်ပွားခဲ့ကြောင်း ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

ယခုနှစ် သီတင်းကျွတ်ကာလသည် ရုံးပိတ်ရက်များပြီး အဝေးသင်တက္ကသိုလ်ကျောင်းသား၊ကျောင်းသူ များလည်း အရက်သေစာသောက်စားပြီး ညအချိန်မတော်သွားလာမှုကြောင့် ယာဉ်တိုက်မှုဖြစ်ပွားခြင်းဟု ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူးနေလင်းက DMG ကိုပြောသည်။

“ကျောင်းလည်းပိတ်တယ်။ ရုံးလည်းပိတ်တဲ့အခါကျတော့ သူတို့က လည်ကြပတ်ကြရင်းနဲ့ ဒီလိုဖြစ်ကြတာ။ ဒီယာဉ်တိုက်မှုတွေ အားလုံးမှာလည်း ညအချိန်မတော် ဖြစ်တာများတယ်။ အခုကအဝေးသင်ကျောင်းသားတွေ လည်းရောက်နေကြတယ်။သူတို့ကအပေါင်းအသင်းတွေနဲ့ သောက်စား၊ ဆိုင်ကယ်တွေကို အရှိန်ပြင်းမောင်း၊ အဲဒါကြောင့်ဖြစ်ကြတာ” ဟု ဒုရဲမှူးနေလင်းက ပြောသည်။

အောက်တိုဘာလ ၁၀ ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့သီတင်းကျွတ်အားလပ်ရက်ကာလအတွင်း ယာဉ်တိုက်မှုတွင် အမျိုးသား (၄)ဦးသေဆုံးခဲ့ပြီး အမျိုးသား (၈)ဦးနှင့် အမျိုးသမီး (၅)ဦး ဒဏ်ရာရရှိသွားသည်။

အဆိုပါယာဉ်တိုက်မှုများမှာ စစ်တွေမြို့တွင် (၂)မှု၊ကျောက်ဖြူမြို့တွင် (၃)မှုနှင့်သံတွဲမြို့တွင် (၄)မှု စုစုပေါင်း (၉) မှုဖြစ်ပွားခဲ့သည်ဟု ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့၏ စာရင်းအရ သိရသည်။

ယခုကဲ့သို့ ယာဉ်တိုက်မှု မဖြစ်ပွားရန်အတွက် လက်ကမ်းစာစောင်များ မျှဝေခြင်း၊ အသိပညာပေး ဟောပြောပွဲများကို ပြုလုပ်နေပြီး ယာဉ်မောင်းသူများအနေဖြင့် စည်းကမ်းလိုက်နာရန် လိုအပ်သည်ဟု ဒုရဲမှူးနေလင်းက တိုက်တွန်း သည်။

“ဆိုင်ကယ်စီးမယ်ဆိုရင် ဆိုင်ကယ်ဦးထုပ်ဆောင်းပြီးသွားဖို့။ အချိန်ပြင်းပြင်း မမောင်းဖို့။ အဲဒီလို အချိန်ပြင်းပြင်းသွားရင် ယာဉ်မတော်တဆမှုက ဖြစ်တတ်ပါတယ်။ အခု ဖြစ်တာထဲမှာလည်း ဆိုင်ကယ်တွေက အသွားအလားများတယ်။ အဲဒါကြောင့် ဆိုင်ကယ်စီးတဲ့သူတွေကို ဆိုင်ကယ်စီးရင် အသက်ကယ်ဦးထုပ် ဆောင်းကြပါလို့ မှာကြားချင်တယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် သီတင်းကျွတ်ကာလအတွင်း ရခိုင်ပြည်နယ်တွင် ယာဉ်မတော်တဆဖြစ်ပွားမှု (၅) မှု ရှိခဲ့ပြီး သေဆုံးသူ (၂ )ဦးနှင့် ဒဏ်ရာရရှိသူ (၅ )ဦးရှိခဲ့ကြောင်း ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ထံက သိရသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...